28 C
Yangon

ဖလမ်းမြို့နယ်၊ ထင်းရူးစခန်းတွင် တပ်စွဲထားသော ခလရ ၂၆၈ လက်အောက်ခံ စစ်ကြောင်း စခန်းစွန့်၍ ထွက်ပြေး

Must read

ဖလမ်းမြို့နယ်၊ ထင်းရူးစခန်းတွင် တပ်စွဲထားသော ခလရ ၂၆၈ လက်အောက်ခံ စစ်ကြောင်း စခန်းစွန့်၍ ထွက်ပြေး

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထင်းရူးစခန်းတွင် တပ်စွဲထားသော ခလရ ၂၆၈ လက်အောက်ခံ စစ်တပ်စစ်ကြောင်း သည် စခန်းစွန့်ခွာ၍ ထွက်ပြေးသွားကြောင်း CNO ၏ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့နယ်၊ ထင်းရူးစခန်းတွင် တပ်စွဲထားသော ဖလမ်းမြို့အခြေ စိုက် ခလရ ၂၆၈ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းကို စွန့်ခွာ ထွက်ပြေးသွားကြကြောင်း၊ ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်စခန်းများ တောက်လျှောက်ဆိုသလို တိုက်ခိုက် သိမ်းပိုက်ခံနေရသဖြင့် စခန်းစွန့် ၍ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

စခန်းစွန့်ခွာ၍ ဆုတ်ခွာ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့များကို ချင်းအမျိုး သားကာကွယ်ရေး(CNDF ) က ဝန်းရံပိတ်ဆိုထားပြီး ယနေ့မှ စ၍ အချိန်မရွေးတိုက်ပွဲပြင်းထန်းနိုင်ကြောင်း၊ ဖလမ်းမြို့နယ်အတွင်းရှိ ခွန်လီ တောကြော တစ်ဝှက်၊ ဗားလုံးတောကြော နဲ့ ဝေဘူလ တောကြော နေရာများ ရှိ ပြည်သူ များအနေဖြစ် ခရီးသွားခြင်း၊တောယာသွားခြင်းများမပြုလုပ်ရန် CNO က သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article