25 C
Yangon

လွိုင်ကော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ဌာနဆိုင်ရာ ရုံး အ များအပြားကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်နေ

Must read

လွိုင်ကော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ဌာနဆိုင်ရာ ရုံး အ များအပြားကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ဌာနဆိုင်ရာ ရုံး အများအပြားကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားကြောင်း ရှေ့တန်းရောက် တော်လှန်ရေး သ တင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ နေရာ ၂ ခုကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါဥခူရပ်ကွက် အပါအဝင် နေရာ ၂ ခု၌ မီးလောင်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြာင်း သိရသည်။

ထို့ပြင် လွိုင်ကော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး EPC ရုံးအပါအဝင် ဌာန ဆိုင်ရာ ရုံးအများအပြားကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ထားကြောင်း သိရသည်။

“ဒီနေ့တော့ လေယာဉ်လာတာ မတွေ့ရဘူးဗျ၊ လွိုင်ကော်မြို့ထဲက ရုံးတော်တော်များများတော့ ရထား ပြီပါပြီ၊ မြို့ရဲ့ ၅ ပုံ ပုံရင် တစ်ပုံလောက်ပဲ ရသေးတယ်၊ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ မယ်စဲ့မြို့ဘက်က တပ်အင်အားတွေကလည်း လွိုင်ကော်မြို့ ဘက်ကို ပြန်ပေါင်းထားတာ၊ သူတို့ ရဟတ်ယာဉ်နဲ့ သယ်ပြီး တော့ ပို့ထားတာဆိုတော့ စစ်တပ်အင်အားက တော်တော်များသေးတယ်လို့ ပြောလို့ရတာပေါ့၊ လက်နက်ချ အလင်းဝင်တာတွေတော့ မကြားမိသေးဘူး၊ ဖမ်းမိတာရှိတယ်လို့တော့ကြားတယ်၊ အခုတော့ ပြည်သူ့နေအိမ် တစ်လုံးမီးလောင် နေတယ်” ဟု ရှေ့တန်းရောက် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article