29 C
Yangon

အမေရိကန်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် USIP က မြန်မာနိုင်ငံတွင် ပဋိပက္ခ ကြီးထွားလာစေရန် မီးထိုးပေးနေဟု စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းပြော

Must read

အမေရိကန်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် USIP က မြန်မာနိုင်ငံတွင် ပဋိပက္ခ ကြီးထွားလာစေရန် မီးထိုးပေးနေဟု စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၈

အမေရိကန်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် USIP ခေါ် United State Institute of Peace သည် မြန်မာနိုင်ငံတွင် ပဋိပက္ခ ကြီးထွားလာစေရန် မီးထိုးပေးနေကြောင်း စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

USIP က သုတေသနစာတမ်းများ ထုတ်ဝေနေပြီး ယင်းစာတမ်းများကို မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြောင်း၊ USIP ၏စာတမ်းများ၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို ပိုပြီး ဆိုးရွားသွားအောင် သုံးသပ်တင်ပြ နေခြင်းဖြစ်ကြောင်း ဇော်မင်းထွန်းက ပြောဆိုသည်။

“အမေရိကန်အစိုးရရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ USIP(United State Institute of Peace ) ဆိုတဲ့ အဖွဲ့အစည်းကနေ သူရဲ့ သုတေသန စာတမ်းတွေကို အမှီပြုပြီးတော့ အနောက်နိုင်ငံမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေတာမျိုး ရှိပါတယ်။ အဓိက အချက်ကတော့ ဒီထဲမှာ ယခုလက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့်မလို့ ဒီအခြေအနေတွေကို ပိုပြီး ဆိုးရွားသွားအောင် သုံးသပ်တင်ပြ၊ ဦးတည်တင်ပြတာတွေပဲ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ အရေးကြီးတဲ့ သုံးသပ်ချက်ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ဒီအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒလိုဟာမျိုးဖြစ်မှာမဟုတ်ဘူး။ ဓားပြဆန်ဆန်အဖွဲ့အစည်းမျိုးတွေ ဖြစ်မလာနိုင်ဘူး။ တစုတစည်းတည်းရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားအောင် မီးထိုးပေးတဲ့သဘောပဲဖြစ်ပါတယ်” ဟု အကြမ်း ဖက်ဇော်မင်းထွန်းက ပြောဆိုသည်။

ထိုသို့ USIP က သုတေသနစာတမ်းများ ထုတ်ပြန်နေခြင်းသည် မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက် စွက်ဖက်နှောင့်ယှက်လာခြင်းဖြစ်ကြောင်း၊ ပို၍ စွက်ဖက်လာမည်ဖြစ်ကြောင်း၊ အတိတ်တွင်လည်း CIA က မြန်မာ့အရေး စွက်ဖက်ခဲ့ကြောင်း ဇော်မင်းထွန်းက ပြောဆိုထားသည်။

“MNDAA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ သမိုင်းကြောင်းတွေပြောပြီးဖြစ်တယ်။ ဒီအဖွဲ့ရဲ့ မူရင်းအခြေခံ ဇစ်မြစ်ဟာ စီးပွားရေးလုပ်ငန်းဟာ ဘိန်းမှောင်ခိုကူးခြင်းဖြစ်ပါတယ်။ ကိုးကန့်အမျိုးသမီးတစ်ဦးဖြစ်ခဲ့တဲ့ ကမ္ဘာမှာ ဘိန်းဘုရင်မလို့ နာမည်ကျော်ကြားခဲ့တဲ့သူသည် ဘယ်နယ်မြေက ထွက်ခဲ့တာလဲ။ အမေရိကန် CIA ရဲ့ ဘိန်းပံ့ပိုးမှုနဲ့ပတ်သက်ပြီး ဒီကိုးကန့်ဘိန်းဘုရင်မဆိုတဲ့ အမျိုးသမီးကိုယ်တိုင်က ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။

USIP ၏ သုတေသနဆောင်းပါးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံတွင် “စစ်အုပ်စုကို ဖြုတ်ချပြီး နွေဦးတော်လှန်ရေး အောင်ပွဲဆင်သောအခါ ” ခေါင်းစဉ်ဖြင့် ဆောင်းပါး ဖော်ပြခဲ့ပြီး အဆိုပါဆောင်းပါးကို https://www.facebook.com/khitthitnews/posts/pfbid0UvQoJWuWESgCmch2XC6ACDFnWC1xugv81wCmgDWedsiDq6fGSXZEowVvh9t6dUTJl တွင်ဖတ်ရှုနိုင်ပါသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ အောင်ပွဲဆင်နိုင်ကြောင်း USIP က သုံးသပ်ထားသည့် ဆောင်းပါး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article