25 C
Yangon

လွိုင်ကော်မြို့သို့ စစ်ကူပေးရန် လာသည့် စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ

Must read

လွိုင်ကော်မြို့သို့ စစ်ကူပေးရန် လာသည့် စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာလ ၂၉

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်မှ ဖားဆောင်းမြို့နယ်ဘက်သို့ ဆုတ်ခွာလာသည့် အကြမ်းဖက် စစ် ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးပြီး ၁ ဦးအရှင် ဖမ်းမိထားကြောင်း ကရင်နီသတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မယ်စဲ့မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တပ်မ ၅၅ ၊ တပ်မ ၆၆ မှ စစ်ကောင်စီတပ်သားများသည် ဖားဆောင်းမြို့နယ်ဘက်သို့ ဆုတ်ခွာလာစဉ် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံ ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

“မယ့်စဲ့မှာ ကျန်နေတဲ့ ပန်တိမ်းဘက်မှာ ကျန်တာ၊ ၂၂ ရက်လား၊ ၂၃ ရက်လား မသိဘူး၊ သွားတိုက်တော့ အရင်က နယ်ခြားစောင့်တပ်က ကျန်ခဲ့တဲ့ ကားတွေ ဆိုင်ကယ်တွေ၊ ဆန်တွေ အများကြီးပဲ သူတို့ ဖျက် ဆီး ပစ်ခဲ့တယ်၊ အဲဒီကနေ ဖားဆောင်းဘက်ကို ဆုတ်တဲ့ချိန်မှာ တိုက်ပွဲစဖြစ်တာ၊ မယ်စဲ့မြို့နယ်မှာ တော့ စကစတွေမရှိတော့ဘူး၊ အခုဆုတ်လာတဲ့ စစ်ကြောင်းကလည်း တစ်နေရာမဟုတ် တစ်နေရာမှာ တော့ ခံရမှာပဲ၊အခုလည်း အယောက် ၂၀ လောက်သေတယ်၊ တစ်ဦးအရှင်ဖမ်းမိထားတယ်ဆိုတော့ လွိုင်ကော်အထိ ရောက်အောင်သွားနိုင်မယ်မထင်ဘူး” ဟု ကရင်နီသတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါအကြမ်းဖက် စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့သိမ်း တိုက် ပွဲ သို့ စစ်ကူသွားရောက်ရန် နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ပြန်လည်ဆုတ်ခွာလာခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့တွင် KA ၊ KNPLF ၊ KNDF ၊ PDF စသည့်ကရင်နီပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article