25 C
Yangon

Breaking News-တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်နေ

Must read

Breaking News-တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်နေ

■ တန့်ဆည်မြို့ပေါ် ၉၀ ရာခိုင်နှုန်းကို PDF တပ်များက စိုးမိုးထားပြီး တန့်ဆည်မြို့မရဲစခန်းရှိ စစ်တပ်က ခုခံနေ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ် တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အထိနာသဖြင့် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

တန့်ဆည်မြို့မရဲစခန်း ကိုနိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီ ၂၇မိနစ်အချိန်မှစ၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ယခု သတင်းရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေကြောင်း၊ မြေပြင်တွင် အထိနာနေသော အကြမ်းဖက်စစ်တပ်က ယနေ့နံနက် ၆ နာရီအချိန် တန့်ဆည်မြို့ပေါ်သို့ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲစဖြစ်တဲ့အချိန် ည ၁၁ နာရီခွဲလောက်ကစပြီး မနက် ၃နာရီထိ စစ်ခွေးတွေဘက်က လက်နက်ကြီး တရစပ်ထုတာ ‌ရွာတွေဘက်ကျတယ်။ ၁၂မိုင်လောက်ဝေးတဲ့ ရွာတွေဘက်အထိ အကျယ်ကြီးကြားရတယ်တဲ့။ အခုလည်း မိုးလင်းတာနဲ့ လေကြောင်းလာကြဲတာ။ မြေပြင်မှာမနိုင်လို့ စစ်ကူတောင်းတာပေါ့” ဟု တန့်ဆည်မြို့ ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်မြို့ပေါ်ရှိ ရဲစခန်းမှလွဲ၍ စစ်တပ်အခြေစိုက်စခန်း အားလုံးကို PDFတပ်ပေါင်းစုက သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး မြို့၏ ၉၀ ရာခိုင်နှုန်းခန့်အထိ စိုးမိုးထားနိုင်ခဲ့ကြောင်း၊ တန့်ဆည်မြို့မရဲစခန်းရှိ အကြမ်းဖက်စစ်တပ်က ခံစစ်ဆင်၍ ခုခံနေကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article