25 C
Yangon

ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို စစ်တပ်နှင့်ရဲများက စွန့်ခွာထွက်ပြေးစဉ် ကျန်းမာရေးမကောင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို စွန့်ပစ်ထားခဲ့

Must read

ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို စစ်တပ်နှင့်ရဲများက စွန့်ခွာထွက်ပြေးစဉ် ကျန်းမာရေးမကောင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို စွန့်ပစ်ထားခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို စစ်ကောင်စီအဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်မှာ စွန့်ခွာခဲ့ကြပါတယ်။

ကန်ရွာနယ်မြေရဲစခန်း စွန့်ခွာရာမှာ ကျန်းမာရေးမကောင်းသူနှစ်ဦးကို စစ်ကောင်စီက စွန့်ပစ်ထားခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ တစ်ဦးကို စခန်းထဲမှာ ပဲစွန့်ပစ်ထားခဲ့တာဖြစ်ပြီး ၊ ကျန်တစ်ဦးကိုတော့ မြစ်အနောက်ဘက်မှာ စွန့်ပစ်ထားခဲ့တာဖြစ်တယ် လို့သိရပါတယ်။

” လူမဆန်တာပါဗျာ။ သူတို့မှာ ဂန့်ဂေါလာတော့စစ်ကြောင်းရော လူများပါတယ်။ သယ်သွားလို့ရတာပေါ့” လို့ ကန်ဒေသခံ တစ်ဦးကပြောပါတယ်။

ကန်ရွာအနောက်ဘက်မှာ လမ်းမလျောက်နိုင်တော့သူတစ်ဦးကိုလည်း စစ်ကောင်စီက စွန့်ပစ်ထားခဲ့ကြတာပါ။

” ချမ်းလို့ခိုက်ခိုက်တွေတုန်လို့။ အဝတ်အစားတွေပေးပြီး ဝတ်ခိုင်းထားကြရတာ” လို့ ကန်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ စစ်ကောင်စီက စွန့်ပစ်ထားတဲ့ခဲ့တဲ့သူနှစ်ဦးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ကန်ရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင် တွေဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ဖိအားပေးတိုက်ခိုက်မှုကြောင့် ကတုတ်ကျင်းတွေထဲမှာ အမြဲနေရပြီး ရိက္ခာတွေပြတ်လပ်တာကြောင့် ကျန်းမာရေးအခြေအနေတွေ ဆိုးဝါးနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကန်ရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၂ နာရီမှာ ဂန့်ဂေါကနေ လာခေါ်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရွာအနောက်ဖက် သင်္ချိုင်းနားကနေ မြစ်သာမြစ်ကိုဖြတ်ကူးပြီး ထွက်ခွာသွားကြတာဖြစ်ပါတယ်။

မြစ်သာမြစ်ကိုဖြတ်ကူးအပြီး ကန်စခန်းက စစ်ကောင်စီအဖွဲ့ဝင် ငါးဦးဟာ စစ်ကြောင်းကနေ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေကပြောဆိုထားပြီး မျက်မှောက်ခေတ်အနေနဲ့ သီးခြားတအတည်မပြုနိုင်သေးပါဘူး။

ကန်ရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေကို ဂန့်ဂေါမြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ စခန်းထိလာရောက်ခေါ်ဆောင်ခဲ့ကြတာပါ။ ဂန့်ဂေါမြို့ပေါ်က လာကြိုတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန်ရွာရဲစခန်းကိုဝင်ရောက်စဥ်မှာ ကန်ရွာအနောက်ဘက် ကျောက်ဂူတောရမှာ စစ်ရှောင်နေကြတဲ့ ဒေသခံစစ်ရှောင်ပြည်သူနှစ်ဆယ်ဝန်းကျင်နှင့် ကျောက်ဂူကျောင်းက ဦးဇင်းနှစ်ပါးကို ဓားစာခံအဖြစ်အသုံးချခဲ့ကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ကန်ရွာရဲစခန်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေမရှိတော့တာကြောင့် ကန်ရွာက ပြည်သူတွေဟာ ကန်စခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေသိမ်းယူထားတဲ့ ပစ္စည်းတွေကို စခန်းကနေပြန်လည်ယူဆောင်ကြတယ်လို့လည်းသိရပါတယ်။

ကန်ရွာမှာစစ်ကောင်စီစခန်းရှိနေတာ ကြောင့် အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ကန်ရွာက ပြည်သူတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေခဲ့ကြရတာ ငါးလဝန်းကျင်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ခုချိန်မှာတော့ ရွာထဲကိုပြန်လည်ဝင်ရောက် နေထိုင်နိုင်ကြတော့မယ်လို့ သိရပါတယ်။

” ခုတော့ လွတ်လပ်သွားပြီ။ ပြန်နေလို့ရပြီ” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီစွန့်ခွာသွားတဲ့ကန်ရဲစခန်းတွင် PDF အလံတင်ထားစဉ်။

Photo-ယောဘီလူး

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article