25 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်ပြည်နယ်မှာ KNLA ၊ PDF တွေအကြား ဆက်သွယ်ပြောဆိုမှုတွေကို စစ်တပ်က ကြားဖြတ် နားထောင်ပြီး အစီရင်ခံစာအမြဲတင်ပြနေကာ ကော့ကရိတ်မြို့ကို တိုက်မယ့်အစီအစဉ်ကို စစ်တပ်က ဖော်ထုတ်ဖမ်းယူရရှိခဲ့တယ်လို့ စစ်တပ်အတွင်း တင်ပြတဲ့အစီရင်ခံစာအရ သိရှိရပါတယ်။

– မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွစခန်းကို စစ်ကူလာတဲ့စစ်တပ်နဲ့ BGF နယ်ခြား စောင့်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး၊ BGF စစ်ကြောင်းမှူး၊ ဗိုလ်မှူးနော်တယာအပါအဝင် စစ်တပ်ဘက်က ၁၁ ဦး သေသွားတယ်လို့ နဂါးနီစစ်ကြောင်းက တရားဝင်ပြောဆိုထုတ်ပြန်ပါတယ်။

– စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

– ဆစ်ဒနေမြို့မှာ ကျင်းပမယ့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဖလားပွဲစဥ်ကို ဆစ်ဒနီ Macarthur Bulls နဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ရှိတဲ့ ရှမ်းယူနိုက်တက်ဘောလုံးအသင်းကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့် တားမြစ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article