25 C
Yangon

ထီးချိုင့်မြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး ဒီဇင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ကြရန် သတိပေးချက်ထုတ်ပြန်

Must read

ထီးချိုင့်မြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး ဒီဇင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ကြရန် သတိပေးချက်ထုတ်ပြန်

ရန်ကုန် ၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက် အောက် ခံ Non CDM ဝန်ထမ်း များအနေဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ကြရန် ထီးချိုင့်မြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။

လက်ရှိဆောင်ရွက်နေသော ရုံးလုပ်ငန်းများ ရပ်တန့်ပြီး ဌာနဆိုင်ရာ စာရွက် စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရထံ အလင်းဝင်ကြရန် ထီးချိုင့်မြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

Non-CDM ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထားကာ အလင်းဝင်ရောက်ရမည်ဖြစ်ပြီး အလင်းဝင်ရောက်မည့် Non-CDM ဝန်ထမ်းများအနေဖြင့် အစိုးရဌာနဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာအာဏာပိုင်တို့က ပိုင်ဆိုင် သည့် သို့မဟုတ် ယင်းတို့အား လွှဲအပ်ထားသည့် သို့မဟုတ် အသုံးပြုရန်ကြံရွယ်ထားသည့် သိုလှောင် ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာပလာ သို့မဟုတ် အခြားပစ္စည်းများကို မြို့နယ်ပြည်သူ့ အုပ် ချုပ်ရေး အဖွဲ့ထံ စနစ်တကျအပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း အသိ ပေးထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ မည်သည့် Non-CDM ဝန်ထမ်းမည်သူမဆို အမျိုး သား ညီညွတ်ရေး အစိုးရထံ အလင်းဝင်လိုပါက မိမိတို့ရောက်ရှိရာမြို့နယ်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံ၌ ဆက်သွယ် အလင်းဝင်နိုင်သည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ အလင်းဝင်ရောက်ခြင်းမရှိသည့် Non-CDM ဝန်ထမ်းများကို တည်ဆဲ ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုဘက်မှ ရပ်တည်ပြီး အလင်းဝင်ရောက်ရန်ပြင်းထန်စွာ သတိပေးထားသည်။

၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ CDM ဝင်လာသော ဝန်ထမ်းများ၊ ယခင်အလင်း ဝင်ထား သော Non-CDM ဝန်ထမ်းများ၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း နုတ်ထွက်ဝန်ထမ်းများ၊ ဌာန ကင်းကွာဝန်ထမ်းများ၊ (သက်ပြည့်၊လုပ်သက်ပြည့်၊နာမကျန်း)ပင်စင်ယူထားသောဝန်ထမ်းများ၊ အာဏာ သိမ်းကာလအတွင်း အကြမ်းဖက်စစ်ကောင်စီက တရားမဝင်ခန့်အပ်ခဲ့သည့် ဝန်ထမ်းများ သည် နီးစပ်ရာ အုပ်စု၊ ရပ်ကျေး(ပအဖ)များမှ တဆင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့၊ Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေးကော်မတီသို့ ဆက်သွယ်ဆောင်ရွက်ရန်ကြရန် အသိပေး ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article