36 C
Yangon

“အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး ” လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်းပြုလုပ်

Must read

“အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး ” လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်းပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁

အကျဉ်းဦးစီးနှင့် အကျဉ်းထောင်များမှ ထောင် အာဏာပိုင်‌များ အနေဖြင့်လည်း အကျဉ်းသားများကို လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ထောင်ဆေးရုံတွင် ဆေးဝါးအစုံအလင်ထားရှိပေးရန်နှင့် အရေးပေါ် ဆေးကုသခွင့်များကို ပိတ်ပင်တားဆီးခြင်းမရှိဘဲ ခွင့်ပြုရန် ရည်ရွယ်သည့် “အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး” လှုပ်ရှားမှုဓာတ်ပုံ ကမ်ပိန်းကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်နှင့်မိတ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြသည်။

“အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး ” လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်းပြုလုပ်ရသည့် အဓိက အကြောင်းအရင်းများမှာ အကျဉ်းထောင်တွင်း ဆေးဝါးကုသခွင့်အချိန်မီမရရှိသဖြင့် သေဆုံးခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားများ ထပ်မံမပေါ်ပေါက်စေရန်၊ ဆေးဝါးအလုံအလောက်မရှိသည့် ထောင်ဆေးရုံများ လူသတ်သည့်နေရာ (လူသတ်ကွင်း ) ဖြစ်နေခြင်း ကွယ်ပျောက်ကွယ်သွားရန်၊ အကျဉ်းထောင်တွင်း လူတစ်ဦး၏ အသက်သည် တိရစ္ဆာန်တစ်ကောင်လောက်တန်ဖိုးထားခြင်း မခံရခြင်းများကို သိရှိစေရန်နှင့်အရေးပေါ်လူနာများ ပြင်ပဆေးရုံများတွင် အချိန်မီ ဆေးဝါးကုသခွင့် မရ၍ သေဆုံးခဲ့ရသည့် ဗိုက်ကြီးသည် နိုင်ကျဉ်းမိခင်များ၊ မွေးဖွားပြီးကာစ ကလေးငယ်များ သေဆုံးရခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်တို့ ရည်ရွယ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article