25 C
Yangon

မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ) အနီးရှိ ကျေးရွာအုပ်စု ၅ စု မှ အိမ်ခြေ ၂ သောင်းကျော်ကို တပ်ပိုင်မြေ ကျူးကျော် သည်ဟုဆိုကာ စစ်တပ်က ရက် ၉၀ အတွင်း ဖယ်ရှားခိုင်း

Must read

မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ) အနီးရှိ ကျေးရွာအုပ်စု ၅ စု မှ အိမ်ခြေ ၂ သောင်းကျော်ကို တပ်ပိုင်မြေ ကျူးကျော် သည်ဟုဆိုကာ စစ်တပ်က ရက် ၉၀ အတွင်း ဖယ်ရှားခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ) အနီးရှိ ကျေးရွာအုပ်စု ၅ စု မှ အိမ်ခြေ ၂ သောင်းကျော်ကို တပ်ပိုင်မြေ ဧက ၂၀၂၉ ဒသမ ၇၄ ကို ကျူးကျော်သည်ဟုဆိုကာ စစ်တပ်က ရက် ၉၀ အတွင်း ဖယ်ရှားခိုင်းလိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က စစ်ကား ၃ စီးဖြင့် ဝါးပတော၊ အင်ကြင်းကုန်း၊ ကုလားကုန်း၊ မြောင်းတကာ၊ လှည်းငုတ်ချောင်းကျေးရွာအုပ်စုများသို့ လာရောက်ပြီး ရက်ပေါင်း ၉၀ အတွင်း အိမ်ခြေများအားလုံး ဖယ်ရှားကြရန်၊ ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ကြရန် အသိပေး စာကပ်ခြင်းနှင့် သတိပေးမှုများ လာရောက်လုပ်ဆောင်သွားကြောင်း၊ အိမ်များ မဖယ်ရှား မပြောင်းရွှေ့ပါက စစ်တပ်က အင်အားသုံး၍ ဖယ်ရှားမည်ဟု ခြိမ်းခြောက်သွားကြောင်း သိရှိရသည်။

“‘ဒီမနက်ပဲ အိမ်ကို စာတွေ လာကပ်သွားတယ်။ ကျနော်နေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ခုမှစစ်တပ်ပစ်ကွင်းနဲ့မလွတ်ဘူးဆိုပြီး စာကပ်သွား တာ။ စစ်သားတွေ ကားသုံးစီးနဲ့လာကပ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ)၏ ရွှေပြည်ဝေဟင်/မြေပြင် စက်ပစ်ကွင်း တပ်ပိုင်မြေ ၂၀၂၉ ဒသမ ၇၄ ဧကအတွင်း ကျူးကျော်နေထိုင်သူများ စိစစ်တွေ့ရှိရသဖြင့် မတ်လ ၆ ရက်နေ့ ၂၀၂၄ ခုနှစ် နောက်ဆုံးထား ဖယ်ရှားကြရန်နှင့် ဖယ်ရှားခြင်းမပြုပါက အင်အားသုံးဖယ်ရှားမည်ဟု စစ်တပ်က လာရောက်ခြိမ်းခြောက်သွားကြောင်း သိရှိရသည်။

“စစ်တပ်က ဖယ်ခိုင်းတာက ကျေးရွာအုပ်စုကြီးတွေ။ ဝါးပတောကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာအုပ်စု၊ ကုလားကုန်းကျေးရွာအုပ်စု၊ မြောင်းတကာကျေး ရွာအုပ်စု၊ လှည်းငုတ်ချောင်းကျေးရွာအုပ်စုတွေ။ အဲဒီကျေးရွာအုပ်စုတွေအောက်မှာ ကျေးရွာ လေးတွေ အများကြီးရှိသေးတယ်။ ဥပမာ- ဝါးပတောကျေးရွာ အုပ်စု မှာဆိုရင် သရက်သုံးပင်ရွာတို့ ဘာတို့ အများကြီးရှိသေးတယ်။ အိမ်ခြေနဲ့တွက်ရင် ကျေးရွာအုပ်စု ၅ စုမှာ အိမ်ခြေ ၂ သောင်းလောက်တော့ အနည်းဆုံးရှိတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ တစ်နိုင်ငံလုံးရှိ ပြည်သူများနေထိုင်သော ကျေးရွာ၊ ရပ်ကွက်များကို ကျူးကျော်ဟုဆို၍ လည်းကောင်း၊ တပ်ပိုင်မြေဟုဆို၍ လည်းကော်ငး အကြောင်းအမျိုးမျိုးပြ ဖျက်ဆီး သိမ်းယူမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article