30 C
Yangon

မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ပြည်သူကို သတ်ဖြတ်ခြင်းမပြုဘဲ ကျည်တစ်တောင့် ထပ်မပစ်ရုံဖြင့် နိုင်ငံအတွက် တံခါးသစ်ဖွင့်လှစ်ကြရန် အရှေ့တီမောသမ္မတ တိုက်တွန်း

Must read

မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ပြည်သူကို သတ်ဖြတ်ခြင်းမပြုဘဲ ကျည်တစ်တောင့် ထပ်မပစ်ရုံဖြင့် နိုင်ငံအတွက် တံခါးသစ်ဖွင့်လှစ်ကြရန် အရှေ့တီမောသမ္မတ တိုက်တွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ပြည်သူကို သတ်ဖြတ်ခြင်းမပြုဘဲ ကျည်တစ်တောင့် ထပ်မပစ်ရုံဖြင့် နိုင်ငံအတွက် တံခါးသစ်ဖွင့်လှစ်ကြရန် အရှေ့တီမောသမ္မတ တိုက်တွန်းပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နေ့ ထုတ်ပြန်သည့် “မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များအား တီမောလက်စတေးနိုင်ငံသမ္မတ ဂျိုးဆေးရာမို့ဟောတာ၏ တိုက်တွန်းပြောကြားချက်” ဗီဒီယိုဖိုင်တွင် အရှေ့တီမောသမ္မတက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကေရစီ မျှော်လင့်ချက် ရောင်ခြည်သန်းနေချိန် ၂၀၁၅-၂၀၂၀ ကာလတွင် စစ်တပ်၏ ရုတ်တရက် ဖျက်ဆီး အာဏာသိမ်းလိုက်ခြင်းကြောင့် ဒီမိုကရေစီ ပျက်သုန်းသွားကြောင်း၊ နိုင်ငံတကာတွင် မြန်မာနိုင်ငံအကြောင်း ၎င်းအနေဖြင့် သတိပေးနေရကြောင်း၊ နိုင်ငံတကာက မြန်မာ့ ဒီမိုကရေစီ အရေးထက် ရိုဟင်ဂျာအရေးကိုသာ စိတ်ဝင်စားကြောင်း အရှေ့တီမောသမ္မတက ဆိုသည်။

” ဒီမိုကရေစီဆိုတဲ့ မျှော်လင့်ချက်ရောင်ချည်သန်းခါစ ၂၀၁၅- ၂၀၂၀ ကာလဟာ စစ်တပ်ရဲ့ ရုတ်တရက်ဖျက်ဆီးခြင်းကို ခံလိုက်ရပါတော့တယ်။ ဒီနှစ်တွေမှာ ကျွန်ုပ်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေကို မြန်မာနိုင်ငံအကြောင်း သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်း အားလုံးနီးပါးဟာ ရိုဟင်ဂျာလူမျိုးစုတွေရဲ့ဆိုးရွားတဲ့ ပြဿနာတွေအကြောင်းကိုသာ စိတ်ဝင်စားနေခဲ့ကြပါတယ်။ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြဿနာက ရိုဟင်ဂျာတွေရဲ့ ပြဿနာထက် ပိုပြီးတော့ ကြီးပါတယ်။ အာရကန်ပြည်နယ်နဲ့ မြန်မာတစ်နိုင်ငံလုံးဟာ လွတ်လပ်ရေးရပြီးစ အချိန်ကနေစပြီးတော့ နှစ်ပေါင်း ၆၀ နီးပါးကြာတဲ့အထိ မြန်မာစစ်တပ်ရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ရပါတယ်။ နိုင်ငံအဖွဲ့အစည်းကို ကျွန်ုပ်အကြံပြုချင်တာကတော့ မြန်မာနိုင်ငံရဲ့အခြေအနေကို အာရုံစိုက်ပေးဖို့ ဒီပိတ်ဆို့အရေးယူမှုဟာ မြန်မာပြည်သူတွေ အပေါ် ထိခိုက်စေတာမျိုး မဖြစ်စေဖို့ မြန်မာစစ်တပ်ကို မဟာဗျူဟာကျကျ ပိတ်ဆို့အရေးယူပေးကြဖို့ပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဒေါ်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို အပြတ်အသတ်မဲရှုံးခဲ့တဲ့ စစ်တပ် ဒီမိုကရေစီကို ဖျက်ဆီးဖို့ ထပ်မံကြိုးပမ်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူမဆန်သောနည်းလမ်းနဲ့ ထောင်သွင်းအကျဉ်းချခဲ့ပြီး သူတို့ရဲ့ ပြည်သူတွေနဲ့ စစ်ပွဲ စတင်ခဲ့ပါတယ်”ဟု အရှေ့တီမောသမ္မတက ပြောဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်က ပြည်သူများကို သတ်ဖြတ်နေကြောင်း၊ မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များသည် ပြည်သူထဲမှ မွေးဖွားလာသူဖြစ်၍ ပြည်သူကို ကာကွယ်သင့်ကြောင်း၊ ပြည်သူ့ဘက်သို့ သေနတ်ပြောင်းမလှည့် ကျည်တစ်ချက် မပစ်ရုံဖြင့် နိုင်ငံ၏ တံခါးသစ်ကို ဖွင့်လှစ်ကြရန် ၎င်းက တိုက်တွန်းသည်။

“ဒီကနေ့ စစ်တပ်က စစ်သားတွေကို ပြောချင်တဲ့ စကားကတော့ စစ်သား စစ်သမီးတွေဟာ ပြည်သူက မွေးတဲ့ သားသမီးတွေပဲ ဖြစ်ပါတယ်။ အရာရှိတွေ ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေ တပ်ကြပ်ကြီးတွေ သင်တို့အားလုံးက ပြည်သူတွေထဲက မွေးဖွားလာသူတွေ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ပြည်သူကို ကာကွယ်နေတဲ့ တပ်မတော်အနေနဲ့သာ သက်တို့ကိုယ် သင်တို့ ဂုဏ်ယူသင့်တယ်။ အခုတော့ တပ်မတော်ဟာ လူနည်းစုကိုပဲ ကာကွယ်ပေးပြီးတော့ ပြဘ်သူတွေကို ဖိနှိပ်တယ်။ အပြစ်မဲ့ ကလေးတွေ အပါအဝင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ၊ ကျောင်းဆရာ/မတွေ၊ ဆရာဝန်တွေ၊ ဘဏ်ဝန်ထမ်းတွေ၊ လယ်သမားတွေကိုပါ သတ်ဖြတ်ခဲ့တယ်။ ဒါကြောင့် ကျွန်ုပ် ကြည်းတပ်၊ လေတပ်၊ ရေတပ်၊ ရဲတပ်ဖွဲ့ထဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သင်တို့ကို ပြောချင်တာက သင်တို့ရဲ့ လက်နက်တွေကို သင်တို့ရဲ့ ပြည်သူတွေကိုဆီကို မချိန်ထားပါနဲ့။ သူတို့ဟာ သင်တို့ရဲ့ ပြည်သူတွေပါ။ မြန်မာနိုင်ငံဟာ တခြားနိုင်င်တစ်ခုက ကျူးကျော်ခံရတာ မဟုတ်ပါဘူး” ဟု အရှေ့တီမောသမ္မတက ထပ်လောင်းပြောဆိုသည်။

မြန်မာစစ်တပ်မှ စစ်သည်များအနေဖြင့် သမိုင်းဝင်အခွင့်အရေးရှိနေကြောင်း၊ ယင်းအခွင့်အရေးကို အသုံးချ၍ မြန်မာနိုင်ငံအတွက် ၊ အရှေ့တောင် အာရှအတွက်၊ အာရှအတွက် ဒီမိုကရေစီပြန်လည်ရရှိရေး ဆောင်ရွက်ကြရန်လည်း ၎င်းက အကြံပြု ပြောဆိုသည်။

“သင်တို့တွေမှာ သမိုင်းဝင်နိုင်မယ့် အခွင့်အရေးရှိပါတယ်။ ဒီသမိုင်းဝင်အခွင့်အရေးဟာ လုံခြုံမှု အပြည့်အဝရှိပြီးတော့ စစ်ပွဲတွေ ထပ်တိုက်စရာ မလိုတော့ပါဘူး။ စစ်တန်းလျားတွေကို ပြန်နိုင်မယ်။ ကိုယ့်ပြည်သူတွေကို သေနတ်နဲ့ ချိန်စရာမလိုတော့ဘူး။ သင်တို့ရဲ့ ပြည်သူတွေကို ထပ်ပြီး မသတ်ဖြတ်ပါနဲ့တော့။ မြန်မာပြည်သူတွေအတွက်၊ အရှေ့တောင် အာရှအတွက်၊ အာရှသားတို့အတွက် နောက်ထပ် ဒီမိုကရေစီရရှိဖို့၊ ဘဝအသစ်တစ်ခုရရှိဖို့ အခွင့်အရေးဟာ သင်တို့ရဲ့ လက်ထဲမှာ ရှိနေပါတယ်။ မြန်မာစစ်တပ်က ဗိုလ်မှူးများ၊ တပ်ကြပ်ကြီးများ၊ စစ်သားများ သင်တို့ဟာ နောက်ထပ်ကျည်တစ်ထောင်မှ ထပ်မပစ်ရုံနဲ့ မြန်မာနိုင်ငံအတွက် တံခါးအသစ်တစ်ချပ်ဖွင့်ပေးနိုင်ပါလိမ့်မယ်။ သင်တို့ရဲ့ လက်နက်တွေ စစ်တန်းလျားပြန်ထားလိုက်ပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြည်သူ့တပ်မတော်နဲ့ လျှောက်လှမ်းကြပါ။ အချင်းချင်း ရိုင်းပင်းကူညီကြပါ။ ဒီဆိုးယုတ်မှုတွေကို အဆုံးသတ်ကြမယ်” ဟု အရှေ့တီမောသမ္မတက တိုက်တွန်းပြောဆိုသည်။

အရှေ့တီမောသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် အကြမ်းဖက် မြန်မာစစ်တပ်အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာစင်မြင့်ထက်တွင် ကျယ်ကျယ်လောင် ပြောဆို တောင်းဆိုနေသော နိုင်ငံတစ်ခုလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article