25 C
Yangon

ဖြူးမြို့နယ်အနောက်ဘက် ပဲခူးရိုးမပေါ်တွင် ဌာနဆိုင်ရာနှင့် စီးပွားရေးသမားများပူးပေါင်းပြီး တရားမဝင် သစ်စက်တည်၍ ကျွန်းပင် ၂၀၀၀ ဝန်းကျင် ခုတ် လှဲ၍ မြဝတီဘက်သို့ သစ်ခိုးထုတ်

Must read

ဖြူးမြို့နယ်အနောက်ဘက် ပဲခူးရိုးမပေါ်တွင် ဌာနဆိုင်ရာနှင့် စီးပွားရေးသမားများပူးပေါင်းပြီး တရားမဝင် သစ်စက်တည်၍ ကျွန်းပင် ၂၀၀၀ ဝန်းကျင် ခုတ် လှဲ၍ မြဝတီဘက်သို့ သစ်ခိုးထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်း ဖြူးမြို့ အနောက်ပဲခူးရိုးမပေါ်တွင် တရားမဝင် သစ်စက်တည်၍ ကျွန်း ပင် ၂၀၀၀ ဝန်းကျင်ခန့်ကို ခုတ်လှဲခွဲစိတ်၍ မြဝတီဘက်သို့ ခိုးထုတ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လက်ရှိတွင် ကျွန်းပင် ၂၀၀၀ ဝန်းကျင် တန် ၁၅၀၀ ခန့်ကို လှဲထားပြီးဖြစ်ကာ တန် ၇၀၀၀ ခန့်ကို ခွဲထားပြီးဖြစ်ကြောင်း၊ အဆိုပါ သစ်များ ခွဲထားသည်မှာ မြဝတီမြို့ဘက်သို့ ပို့်မည့် ဆိုဒ်များဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ပဲခူးရိုးမပေါ်တွင် သစ်စက် ၃ လုံး၊ ထွန်စက် ၂စီး၊ ကရိန်း သစ်တင်ကား၊ ၁၀ ဘီး ဖောကား၊ ချိန်းဆော အလုံး ၂၀ ခန့်နှင့် သစ်များကို တရားမဝင် ခုတ်လှဲ ခွဲစိတ် ၍ တင်ပို့နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ပဲခူးရိုးမပေါ်မှာ ဖြူးမြို့ အနောက်ဘက် ကျွဲမကူးလမ်းမှ အောက်ဘက်သို့ ၁၀ ဘီး ကားများနှင့် ဖြူးမြို့ အနီးတစ်ဝိုက် သယ်ယူနေသည်မှာ ၆ စီးခန့် ရှိပြီဖြစ်ကာ သစ်များကို ခိုးထုတ်နေသည်မှာ ကညွတ်ကွင်းမြို့မှ ညီအစ်ကို ၂ ဦးဖြစ်ကြောင်း၊ ညီဖြစ်သူက တောင်ပေါ်မှ သစ်ရရှိရေးလုပ်ဆောင်နေပြီး အကိုဖြစ်သူက ရလာသည့် သစ်များကို အောက်သို့ သယ်၍ မြဝတီသို့ ပို့ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ သစ်များကို တရားမဝင် ပေါ်တင် ခိုးထုတ်နေသော်လည်း သက်ဆိုင်ရာ ဌာန က အရေးယူသည်ကို မတွေ့ရသည့်အတွက် ဒေသပြည်သူများက ဌာနဆိုင်ရာများ လာဘ်ငွေ ရယူ၍ လုပ်စားခွင့်‌ ပေးမှု အဖြစ် နားလည်ကြကြောင်း၊ လက်ရှိတွင် သစ်ခိုးထုတ်သူများက ပဲခူးတိုင်း၊ ဖြူးမြို့နယ်သစ်တောဦးစီးမှူး ဦးမင်းကိုကိုနှင့် တောအုပ်ကြီးဦးသိန်းဇော်တို့၏ ခွင့်ပြုချက်ရရှိရေး လာဘ်ပေးလာဘ်ယူလုပ်ကာ တရားမဝင်သစ်စက်တည် ခိုးထုတ်ကြခြင်းဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article