31 C
Yangon

ဖမ်းဆီးရရှိထားသော တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို စစ်မေးခြင်း

Must read

“အပြစ်ပေးတာ ခံပြီးရင်တော့ အိမ်ကို ရောက်အောင် ပြန်လာခဲ့မယ်။ သူတို့ကို စောင့်ရှောက်ပါ့မယ်လို့ ပြောချင်ပါတယ်။ အမိမဲ့ အဖမဲ့ သားတွေ သမီးတွေ မဖြစ်အောင်လို့ အဲဒါလေး တစ်ခုပါ။ အဲဒါလေး တစ်ခု သူတို့ကို မှာချင်ပါတယ်”

ဖမ်းဆီးရရှိထားသော တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို စစ်မေးခြင်း

By ရန်ကုန်ခေတ်သစ်

ကရင်နီပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် လေတပ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးအဖွဲ့များက စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ရာ ယင်းစစ်ဆေးမေးမြန်းမှုများကို ရန်ကုန်ခေတ်သစ်က ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ ဘယ်မှာ အရင်က တာဝန် ထမ်းဆောင်ခဲ့လဲ။

ဖြေ။ ။ မြစ်ကြီးနား၊ ပုသိမ်၊ တောင်ငူ။

မေး။ ။ ဆေးစစ်ပြီးမှ မေးတော့ ။ အင်္ကျီးလေးဘာလေး ဝတ်ပေးလိုက်။ ဘာမှ မဖြစ်နဲ့ ကြောက်စရာလည်း မလိုဘူးနော့။ စောစောစီးစီး မပြေးဘဲနဲ့ ငါတို့လည်း မပင်ပန်းတော့ဘူး. ။ ပုဆိုးလေး ဝတ်ထားလိုက်နော်။ ဘာမှ ကြောက်စရာမလိုဘူး။ ဘာမှ လက်ဖျားနဲ့ မတို့ဘူး။ စစ်ဆေး‌ မေးမြန်းတဲ့အချိန်မှာ ငါတို့ ရိုက်တာ နှက်တာ မလုပ်ဘူး ။ အဲဒါ ငါတို့ ကြိုပြောထားတာ။ မေးချင်တာက မင်းနဲ့ အတူ‌ လေထီးအတူ ခုန်ဆင်းသွားတယ်ဆိုတာ နာမည် ဘယ်သူလဲ။

ဖြေ။ ။ ဇာနည် ထက်မောင်။

မေး။ ။ သူ့အဆင့်က ဘာအဆင့်လဲ။

ဖြေ။ ။ ဗိုလ်။

မေး။ ။ သူ့ အဆင့်က ဗိုလ်ဆိုတော့ တွဲဖက် လေယာဉ်မှူး။ မင်းက လေယာဉ်မှူးနော်။

ဖြေ ။ ။ ဟုတ်ကဲ့ပါဗျ။

မေး။ ။ မေဂျာ(ဗိုလ်မှူး) ဖြစ်ပြီလား။

ဖြေ။ ။ မေဂျာတော့ မဖြစ်သေးဘူး။ ကျောင်းဆင်းတာက ၂၀၀၃ ။

မေး။ ။ ၂၀၀၃ မှာ ကျောင်းဆင်းတယ် မောင်းတော့။

ဖြေ။ ။ နှစ် ၂၀ လောက်မောင်းပါတယ်။

မေး။ ။ ဘယ်နယ်မြေမှာ စဝင်လဲ။ ဘယ်နယ်ပယ်မှာ စဝင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ အရင်ကတော့ မြစ်ကြီးနားမှာ ။ ပြီးတော့ သင်တန်းဘာညာ တက်နေရတော့ ကြားထဲမှာ ရပ်သွားတယ်ဗျ။ ၂၀၂၁ မှာ ပစ်ပြီး ၁ နှစ်ခွဲလောက် ရပ်သွားပြီး အခု ပြန်တိုက်တာပါဗျ။ တိုက်ဖို့ တာဝန်ပေးတဲ့အချိန်က ဘုရားဖြူလား ထီးဖြူလား ကျွန်တော် သိပ်မကွဲလို့ ။ ဒီတိုက်ပွဲပြန်စတာတောင်မှ ၁ ရက် ၂ ရက်ပဲ ရှိသေးတယ်ဗျ။ ပစ်မှတ်ကို ချတယ်။ ချပြီးတော့ ပြန်တက်တယ်။ ပြန်တက်တော့ ကျွန်တော့် လေယာဉ်မှာက System မှာက Warning light တွေ လာတယ်ဗျာ။ Warning Light လာတော့ Oil Pressure ။ ကားလိုဆိုရင်တော့ ဆီ Oil ပေါ့။ Oil Pressure လာပြီးတဲ့အချိန်ကျတော့ ကျွန်တော်က စက်က ဟိုဟာ ဖြစ်လို့မရတော့ဘူး ကိုယ့်နေရာဆီ ကိုယ်ပျံတာ။ စက်ရပ်သွားတယ်။ စက်ရပ်သွားတော့ ကျွန်တော်လည်း Eject ခုန်ပြီးထွက်လာတာ။

မေး။ KNDF က ပစ်တာရှိတယ်။ တခြား ဒီဘက်နယ်မြေက ပစ်တာ ရှိတယ်။ ဘယ်နှစ်လုံးချလိုက်လဲ။ ဘယ်နှလုံးချလိုက်လဲ ။

ဖြေ ။ ။ Gun ဆိုရင်တော့ အတောင့် ဟိုဟာလောက်ပဲရှိမယ်။ ၂၀ လောက်ပဲ။

မေး ။ ။ Gun က ၂၀ လောက်ပဲ။

ဖြေ။ ။ ကျွန်တော် မှန်းတာပဲ။ ကျွန်တော်လည်း အဲဒီအချိန်က မကြည့်လိုက်ရဘူး။ အဲဒီအချိန်က မမြင်ရဘူး။ Rocket ဆိုရင်တော့ ၄ တောင့်လောက်ပဲ ရှိမယ်။

မေ။ ။ မင်း ခန္ဓာကိုယ်မှာ ပါလာတဲ့ ဝတ်စုံတို့။

ဖြေ။ ။ အဲဒီ ဝတ်စုံက စကျတဲ့အထဲက လေထီးနဲ့ ကျကတည်းက ပေ ၂၀ ။ ပေ ၂၀ လောက် ပတ်ချာလည်လောက်ရှိမယ်။ ကျွန်တော် တန်းလန်း တန်းလန်းချိတ်နေတာနဲ့ ဒီဘက်က သေနတ်သံတွေနဲ့ ကြားရတယ်ဗျ။ ကြားတော့ ကျွန်တော်က ဖြုတ်ချလိုက်တဲ့အခါကျတော့ အဲဒီအပေါ်ကတော့ ဖုန်းဖုန်းဖုန်းဖုန်းဆိုပြီး ပြုတ်ကျတယ်။ ဟိုထိပ်အထိ ရောက်သွားတယ်။ ပြီးတော့ လိုက်ရှာတဲ့ အသံတွေ ကြားတာနဲ့ ကြောက်အားလန့်အားနဲ့ ဟိုးအောက်ထဲထိ စမ်းချောင်းထဲထိ ၈ ရက်လောက် သွားရင်း လာရင်းနဲ့ အင်္ကျီတွေလည်း စုတ်ပြတ်သတ်လို့ အကုန်လုံး ချွတ်ချက်ပြီးထားခဲ့တယ်။ တချို့ဟာတွေကျတော့လည်း ခန္ဓာကိုယ်မှာ ပါတဲ့ဟာ ဘယ်နားကျခဲ့လဲ မသိဘူး။ တောင်အောက်ဆင်းလိုက် တောင်ပေါ်တက်လိုက်၊ တောင်အောက်ဆင်းလိုက်၊ တောင်ပေါ်တက်လိုက်။

မေး။ ။ ပစ္စတို ပါတယ်ဆို။ မင်းဆီမှာ။

ဖြေ။ ။ ဟုတ်တယ် အဲဒီ ပစ္စတိုလည်း ဘယ်နားလဲ မသိ ကြည့်တဲ့အချိန်ကျတော့ ။ ကျွန်တော်တို့က ဒီလည်ကြိုးနဲ့ကိုး ။ ဒါတွေ အားလုံး ဘယ်နားပြုတ်ထွက်လဲ မသိဘူး။ ပြန်ရောက်ခဲ့တယ်ဆိုရင်တောင်မှ နုတ်ထွက်ခွင့် တင်ပြပြီးတော့ ကျွန်တော့် မိသားစုနဲ့ ကျောင်းဆရာ လုပ်စားမယ်။

မေး။ ။ အဖမ်းမခံရခင် ၈ ရက်တာ ကာလမှာ ဘာတွေ စားလဲ ဘာတွေ သောက်လဲ။

ဖြေ။ ။ အရွက်လေးတွေ ရှိတယ်။ နှင်းဖတ်လေးတွေ ကျတယ်။ လျှာနဲ့ ယက်တယ်။ လျှာတွေလည်း အတော်ကြီးကို ဟိုဟာဖြစ်နေပါတယ်။ ငှက်ပျောအူလည်း လက်တွေနဲ့ ချိုးချက်ပြီးတော့ ငှက်ပျောအူကို စားပါတယ်။ ငှက်ပျောအူလည်း လျှာတွေက ဖြစ်တာပါပဲ။ နောက် ကျွန်တော် ရေသဖန်းပင်လား ဘာတွေလည်း အသီးလေးတွေက ချဉ်တိုတိုလေး အဲဒါလေး စားပြီးတော့ ကျွန်တော် တက်လိုက် ဆင်းလိုက်နဲ့ အဲဒီလို မျိုးလေး ကျွန်တော် လုပ်လာတာပါ။ အဲဒါနဲ့ အဲဒီနေ့တော့ ပြန်လည်ပြီးတော့ အဖမ်းခံရတာပေါ့။

မေး။ ။ မိသားစုနဲ့ကော မင်း အဆက်အသွယ်ရလား။

ဖြေ။ ။ မရပါဘူး ခင်ဗျာ။

မေး။ ။ မိသားစုကို ဘာပြောချင်လဲ။ ခင်ဗျား သမီးလေး ၊ သားလေးတွေ။

ဖြေ။ ။ ဒီဘက်က အပြစ်ပေးတာ ခံပြီးရင်တော့ အိမ်ကို ရောက်အောင် ပြန်လာခဲ့မယ်။ သူတို့ကို စောင့်ရှောက်ပါ့မယ်လို့ ပြောချင်ပါတယ်။ အမိမဲ့ အဖမဲ့ သားတွေ သမီးတွေ မဖြစ်အောင်လို့ အဲဒါလေး တစ်ခုပါ။ အဲဒါလေး တစ်ခု သူတို့ကို မှာချင်ပါတယ်။

မေး။ ။ နိုင်ငံတကာ Convention Law ရှိတယ်။ Convention Law အတိုင်းပဲ ငါတို့ မင်းကို မတို့မထိဘူး။ မရိုက်ဘူးကွာ။ ကျန်တာ မပြောနဲ့ သတ်ပစ်ဖို့ မပြောနဲ့ မင်းကို မရိုက်ဘူး။ ဒါတော့ ငါ အာမခံတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article