36 C
Yangon

နမ့်ခမ်း စစ်တပ် စခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီက ရဟတ် ယာဉ်ဖြင့် စစ်ကူချပေးသော အင်အား ၁၀၀ နီးပါး စစ်ကြောင်းကို တိုက်ခိုက်မှု သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

Must read

နမ့်ခမ်း စစ်တပ် စခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီက ရဟတ် ယာဉ်ဖြင့် စစ်ကူချပေးသော အင်အား ၁၀၀ နီးပါး စစ်ကြောင်းကို တိုက်ခိုက်မှု သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးစေရေးအတွက် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ချထားပေးသော အင်အား ၁၀၀ နီးပါးပါ စစ်ကြောင်းကို TNLA က တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်သည်။

နမ့်ခမ်းမြိုရှိ စစ်ကောင်စီ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ပိုဆောင်လိုက်သော စစ်ကူလူအင်အားများကို တအာင်းတပ်မတော် PSLF/TNLA က လိုက်လံရှင်းလင်းချေမှုန်းနိုင်ခဲ့ကြောင်း၊ ယမန် နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စခန်းသစ်ကုန်းဘက်သို စစ်ကူပေးရန် နမ့်ခမ်းမြိုနယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင် ရဟတ်ယာဥ်ဖြင့် စစ်ကူလူအင်အား ၁၀၀ နီးပါးကို ၃ ကြိမ် လာရောက်ပိုချခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ပို့ဆောင်လိုက်သော စစ်ကူတပ်ကို တအာင်းတပ်မတော် PSLF/TNLA က လိုက်လံရှင်းလင်းချေမှုန်းရာ စစ်ကောင်စီတပ်မှ ဖယိုဖရဲဖြစ်ပြီး အများအပြား သေဆုံးခဲ့ကြောင်း၊ ချေမှုန်းခံလိုက်ရသော စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၁၉)လက်၊ ကျည်ဆံ (၄)သေတ္တာ၊ ဆက်သွယ်ရေးစက်၊ ဆေးဝါးများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်မှ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကူလူအင်အားများ ပို့ ဆောင် ခြင်းသော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုဖြင့်သော်လည်းကောင်း နေ့စဥ်ရာချီ အသုံးပြုတိုက် ခိုက်နေကြောင်း၊ ထို့ပြင် စစ်ရေးပစ်မှတ်မဟုတ်သော နမ့်ခမ်းမြိုနယ်ရှိ ကျေးရွာများကိုလည်း နေ့စဥ်ဦးတည်ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article