36 C
Yangon

ကော့ကရိတ်မြို့အနီးတိုက်ပွဲ ၃ ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး

Must read

ကော့ကရိတ်မြို့အနီးတိုက်ပွဲ ၃ ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၂ ခုကို ၃ ကြိမ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း နဂါးဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ထိုင်း -မြန်မာ ကုန်သွယ်ရေးလမ်းကြီးဖြစ်သည့် အာရှလမ်းမကြီးကို ထိန်း ချုပ်နိုင်ရေးအတွက် ကော့ကရိတ်မြို့အနီးနှင့် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဖော်ဆောင်ခဲ့ရာ ကော့က ရိတ်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကော့နွှဲ့တပ်စခန်းကို နာရီဝက်အတွင်း သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ကော့ကရိတ်မြို့ပတ်ဝန်းကျင်ရှိ အခြားစစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲစဖော်တဲ့နေ့မှာပဲ ကော့နွှဲစခန်းကို နာရီဝက်အတွင်းမှာရခဲ့တာ၊ တခြားမြို့ပြင် တပ်စခန်းတွေ ကို ဝင်ရောက်သိမ်းပိုက်တဲ့အချိန်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့က ရဲဘော်တစ်ဦးပေးဆပ်လိုက်ရ တယ်၊ အဲဒီတစ်ရက်နေ့မှာ ကျနော်တို့ နဂါးဖြူပါတဲ့ စစ်ကြောင်းနဲ့ ထိတိုက်ဖြစ်တဲ့ ကော့နွဲ့စခန်းသိမ်း တိုက် ပွဲ မှာ တော့ ၁၅ ယောက်လောက်ကျခဲ့တယ်၊ အသေအဆုံးရှိခဲ့တာပေါ့၊မြင်ခဲ့တာပေါ့၊အဲဒီနေ့ တိုက်ပွဲမှာတော့ ဂျက်ဖိုက်တာတွေရော၊ လက်နက်ကြီးတွေရော လာပစ်တယ်၊ ရွာသားတွေလည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်” ဟု နဂါးဖြူစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဒီဇင်ဘာလ ၉ ရက်နံနက် ၈ နာရီခန့်တွင် ကော့ကရိတ်မြို့ ရေကူးကန်ရှိ အကြမ်းဖက်စစ် ကောင်စီ လက် အောက်ခံတပ်မ တပ်မ ၂၂ ၊ ခမရ ၂၀၂ တပ်စခန်းကို မွန်းလွဲ ၁ နာရီ အထိ ကြာ မြင့်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့နံနက် ၄ နာရီခန့်တွင် ၎င်းရေကူးကန်တပ်စခန်းကို ထပ်မံ ထိုးစစ် ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်အထိကြာမြင့်ခဲ့ပြီး BGF တပ်နယ် ၃ နှင့် ခမရ ၃၄၃ စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း နဂါးဖြူစစ်ကြောင်းမှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ နဂါးဖြူစစ်ကြောင်း၊ SOF စသည့်တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးကိုလည်း ထိန်းချုပ်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article