36 C
Yangon

တောင်ငူမြို့နယ်ဘက်ကို စစ်ကူ စေလွှတ်ခံရသည့် ရဲ ၁၀ ဦး ရှေ့တန်း၌ မသေချင်၍ ထွက်ပြေး၊ ရဲ ၉ ဦးလွတ်မြောက်သွားပြီး ၁ ဦးပြန်လည် ဖမ်းဆီးခံရ

Must read

တောင်ငူမြို့နယ်ဘက်ကို စစ်ကူ စေလွှတ်ခံရသည့် ရဲ ၁၀ ဦး ရှေ့တန်း၌ မသေချင်၍ ထွက်ပြေး၊ ရဲ ၉ ဦးလွတ်မြောက်သွားပြီး ၁ ဦးပြန်လည် ဖမ်းဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ဘက်ကို စစ်ကူ စေလွှတ်ခံရသည့် ရဲ ၁၀ ဦး ရှေ့တန်း၌ မသေချင်၍ ထွက်ပြေးရာ ရဲ ၉ ဦးလွတ်မြောက်သွားပြီး ၁ ဦးပြန်လည် ဖမ်းဆီးခံရကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် တောင်ငူမြို့နယ်ဘက်ကို စစ်ကူ စေလွှတ်ခံရသည့် မင်းလှမြို့မ ရဲစခန်းမှ ဇော်မျိုးထွန်(ခ) ကြက်တူရွေး (မင်းလှမြို့တွင်းနယ်ထိန်း)၊ ဝင်းသူ (ကျွဲတဲကုန်းနယ်ထိန်း)၊ ထွန်းလင်းအောင် (သရက်တပင်န

ယ်ထိန်း) ၊ အမည်စုံစမ်းဆဲ နယ်ထိန်း ၁ ဦး အပါအဝင် ပဲခူး အနောက်ခြမ်းရှိ မြို့နယ်များမှ ရဲ ၆ ဦးသည် လမ်းပိုင်းတစ်နေရာ၌ ထွက်ပြေးသွားပြီး ၁ ဦးပြန်လည် ဖမ်းဆီးခံရကာ ၉ ဦး လွတ်မြောက်နေကြောင်း သိရသည်။

“ဟိုတလောက မုန်းမြို့သိမ်း တိုက်ပွဲမှာ မင်းလှမြို့ ရဲစခန်းက ရဲတွေကော ပဲခူးအနောက်ခြမ်းက ရဲတွေကော စစ်ကူပို့တာ အကုန်သေသွားတယ်။ အဲ့ကိစ္စကို သိထားကြတော့ ခုနယ် အပြောင်းမှာ ထွက်ပြေးတာ ရှေ့တန်းမှာ မသေချင်လို့ ပြေးတာပေါ့။ ရဲတွေက စစ်သားတွေကို စိတ်နာနေတာ” ဟု တပ်တွင်း သတင်းရင်းမြစ်များကပြောဆိုသည်။

လက်ရှိချိန်တွင် မင်းလှမြို့နယ်မှ ထွက်ပြေးသွားသော နယ်ထိန်း ရဲ ၄ ဦးသည် လွတ်မြောက် နယ်မြေ ရောက်ရှိနေ​ပြီး မည်သည့်တော်လှန်ရေး အဖွဲ့များနှင့် ချိတ်ဆက် လုပ်ဆောင်သည်ကို မသိရသေးကြောင်း၊ ကျန်ရှိနေသော ထွက်ပြေး ပုန်းရှောင်နေသည့် ရဲများ၏ အခြေအနေကို မသိရသေးကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article