28 C
Yangon

သထုံမြို့နယ်တွင် ခမရ ၂၄ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ထိမှန် သေဆုံး

Must read

သထုံမြို့နယ်တွင် ခမရ ၂၄ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ထိမှန် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခမရ ၂၄ က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာတစ်ခုအတွင်းကျရောက်ကာ ကိုယ်ဝန် ဆောင် အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်း သထုံမြို့နယ်အခြေစိုက် ခမရ ၂၄ တပ်က လက် နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ ပစ်ခတ်ရာ ကျုံမှိန်ကျေးရွာသို့ ကျရောက်ပြီး အသက် ၂၆ နှစ်အရွယ် နော်ဖေတမော အမည်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ထိမှန်သေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးကျည်သည် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ထိမှန်သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကိုယ်ဝန်ဆောင် အမျိုးသမီး အသက် ၂၆ နှစ်အရွယ် နော်ဖောတမောမှာ ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ခဲ့ပါသေးတယ်။ ဆုံးတာကတော့ ပွဲချင်းပြီး ဆုံးတာပါ။ တစ်ကိုယ်လုံး သွေးတွေ ရွှဲနစ်ပြီး ဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က သထုံမြို့ပေါ်မှ နေ၍ ကျေးရွာများသို့ လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ပြည်သူများ ထိမှန်သေဆုံးမှုများ၊ နေအိမ်များ ပျက်စီးမှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article