30 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်တပ်က စိတ်ရောဂါသည် စစ်ပြဲရွာသား ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်

Must read

လောင်းလုံးမြို့နယ်တွင် စစ်တပ်က စိတ်ရောဂါသည် စစ်ပြဲရွာသား ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်

■အောက်ရေဖြူကျေးရွာဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဆက်လက် စစ်​ကြောင်းထိုးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါသည် စစ်ပြဲရွာသား ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်အတွင်း ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ ကညိုကျွန်း ၊ ကထောင်းနီ ၊ ပြင်းထိန် ၊ လေးသွန်းခံ နှင့် စစ်ပြဲ စသည့် ကျေးရွာများကို စစ်ကြောင်း စီးနင်းပြီး ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း စစ်ပြဲကျေးရွာအတွင် ဝင်ရောက် စီးနင်းစဥ် စိတ်ရောဂါသည် စစ်ပြဲရွာသား ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်ကာ ရုပ်အလောင်းကို ရေကန်အတွင်း စွန့်ပစ်ထားခဲ့ပြီး ဦးခေါင်းကို လက်ရှိချိန်ထိ ရှာမတွေ့သေးကြောင်း သိရှိရသည်။

“လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာကို စစ်ခွေးတွေက ဝင်ရောက်စီးနင်းတုန်းက စစ်ပြဲရွာသား စိတ်ရောဂါသည် ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ် ခေါင်းဖြတ်သတ်ပြီး ရုပ်အလောင်းကို ရေကန်ထဲ စွန့်ပစ်ခဲ့တယ်။ ဦးခေါင်းကို အခုထိ ရှာမတွေ့သေးဘူး။ စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့ ပြည်သူတွေ ထပ်ရှိနိုင်တယ်။ ရွာသူရွာသားတွေ ရွာတွေထဲ မဝင်ရဲကြသေးလို့ အတိအကျမသိရသေးပါဘူး။ ခေါင်းဖြတ်ခံထားရတဲ့ ရုပ်အလောင်းကိုတော့ ဆယ်ယူပြီးပါပြီ ခေါင်းတော့မတွေ့သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်​ကြောင်း ၃ ကြောင်းဖြင့် အောက်ရေဖြူကျေးရွာဘက်ကို ဆက်လက် စစ်​ကြောင်းထိုးနေပြီး ဒေသပြည်သူများ၏ အရေးကြီးပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို လုံခြုံစွာ ထိန်းသိမ်းထားရှိရန် နှင့် လုံခြုံရေးအထူးဂရုစိုက် သတိရှိနေပေးကြပါရန် နှိုးဆော်တိုက်တွန်းလိုကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article