34 C
Yangon

လားရှိုးမြို့နယ်တွင် ဖျက်သိမ်းထားသော နမ္မကျောက် မီးသွေးမိုင်းကို ဦးပိုင် ကုမ္ပဏီက အငှားချထားပြီး ပြန်လည်တူးဖော်နေကာ စစ်တပ်ပါ ခေါ်ယူ၍ ရွာသားများ၏ မြေယာများကို သိမ်းယူမည်ဟု ခြိမ်းခြောက်

Must read

လားရှိုးမြို့နယ်တွင် ဖျက်သိမ်းထားသော နမ္မကျောက် မီးသွေးမိုင်းကို ဦးပိုင် ကုမ္ပဏီက အငှားချထားပြီး ပြန်လည်တူးဖော်နေကာ စစ်တပ်ပါ ခေါ်ယူ၍ ရွာသားများ၏ မြေယာများကို သိမ်းယူမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ဖျက်သိမ်းထားသော နမ္မကျောက် မီးသွေးမိုင်းကို ဦးပိုင် ကုမ္ပဏီက အငှားချထားပြီး ပြန်လည်တူးဖော်နေကာ စစ်တပ်ပါ ခေါ်ယူ၍ ရွာသားများ၏ မြေယာများကို သိမ်းယူမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နမ္မကျောက်မီးသွေးမိုင်း ဖျက်သိမ်းခဲ့သည်မှာ နှစ် ၂၀ နီးပါးရှိပြီဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ဦးပိုင်၏ အငှားချထားပေးမှုဖြင့် မင်းရွှေလွှာကုမ္ပဏီက တူးဖော်နေသည်မှာ ၃ နှစ်ရှိပြီဖြစ်ကြောင်း၊ အဆိုပါ တူးဖော်နေသည့်နေရာသည် နမ့်ပေါင်အုပ်စုတွင် ပါဝင်ကာ ဒီဇင်ဘာရွာ တည်ထားပြီး နေရာကို ပြန်အငှားချထားခြင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် တူးဖော်နေသည်မှာ ဒီဇင်ဘာရွာ အိမ်ခြံနားအထိရောက်လာနေပြီဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“လားရှိုးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပေမယ့် ဆက်လက်တူးဖော်နေပါတယ်။ ရွာလူကြီးတွေနဲ့ ပေါင်းပြီး ရွာသားတွေရဲ့မြေယာတွေကိုလည်း သိမ်းယူနေပါတယ် မပေးရင် ပြင်ဦးလွင်က ၂၄ ကပစ တပ်ကိုခေါ်ပြီး ရွာကိုဖျက်မယ်လို့ ခြိမ်းခြောက်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ကျောက်မီးသွေးမိုင်းကို ဆက်လက်တူးဖော်နေဆဲဖြစ်ပြီး မြေယာများကို သိမ်းယူနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

Photo – ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရှိ တီကျစ် ကျောက်မီးသွေး စက်ရုံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article