39 C
Yangon

လက်နက်ခဲယမ်းများ၊ စစ်ကောင်စီ တပ်သားများ တင်ဆောင်လာသော OK ဆန်စက်ပိုင် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်ကို ထားဝယ်မြစ် အတွင်း RPG ဖြင့် ပစ်ခတ်

Must read

လက်နက်ခဲယမ်းများ၊ စစ်ကောင်စီ တပ်သားများ တင်ဆောင်လာသော OK ဆန်စက်ပိုင် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်ကို ထားဝယ်မြစ် အတွင်း RPG ဖြင့် ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်း၊ မြိတ်မြို့၏ အကြီးစားဆန်လုပ်ငန်းရှင်တစ်ဦးဖြစ်သော OK ဆန်စက်ပိုင် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်တွင် လက်နက်ခဲယမ်းများ၊ စစ်ကောင်စီ တပ်သားများ တင်ဆောင်လာစဉ် ထားဝယ်မြစ်အတွင်း RPG ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသသတင်းရင်းမြစ် Myeik Now က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် ထားဝယ်မြို့မှ MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ် ထွက်လာစဉ် ဆင်ဖြူပြင်နှင့် ကျောက်နီမော်ကြား အရောက် မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင် အချိန် လက်နက်ကိုင် အဖွဲ့စည်းတစ်ခုက RPG လက်နက်ကြီးဖြင့် သင်္ဘောကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်း သတင်း အရင်းမြစ်များထံမှ သိရ သည်။

OK ဆန်စက်ပိုင်ရှင် ဦးမောင်ထွေး ပိုင်ဆိုင်သော MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်ပေါ်တွင် စစ်ကောင်စီတပ်သားများနှင့် လက်နက်ကြီး၊ လက်နက်ငယ်များကိုပါ သယ်ဆောင်လာခြင်းကြောင်း၊ ထိုသို့ တင်ဆောင်လာသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆို သည်။

“ထားဝယ် မြစ်၀ထဲ ရောက်သွားတော့ တစ်ဖက်က ပစ်ခတ်တဲ့ အချိန်မှာ သင်္ဘော အနီးပဲ RPG လက်နက်ကြီးကျတော့ ထိခိုက်မှု မရှိလိုက်ဘူး”လို့ တပ်တွင်း သတင်း အရင်းမြစ် တစ်ဦးက ဆို သည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးများကို သယ်ဆောင်လာသည့် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ် သည်၊ ထားဝယ်မြို့မှ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန် ထွက်ခွာလာပြီး မြိတ်မြို့သို့ ၂၉ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ရောက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article