34 C
Yangon

ရေတာရှည်မြို့နယ်၊ သနပ်ခုံကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

Must read

ရေတာရှည်မြို့နယ်၊ သနပ်ခုံကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သနပ်ခုံကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက် နံနက် ၇ နာရီ ၅၅ မိနစ်ခန့်က ရေတာရှည်မြို့နယ်၊ သနပ်ခုံကျေးရွာဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ပွိုင့် တပ်စိပ် နှင့် တော်လှန်ရေးတပ်ဖွဲ့တပ်ဖွဲ့တို့ကြား အပြန်အလှန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ စစ် ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာကို နယ်မြေရှင်းလင်းစဉ် လက်နက်မဟုတ်သည့် စစ် ကောင်စီတပ်ဖွဲ့မှ ပစ္စည်းအချို့ သိမ်း ဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး အင်အားက ၁၀၀ ကျော်လောက်ရှိပါသေးတယ်၊ ထိတွေ့တိုက်ပွဲကတော့ နေ့တိုင်းနီးပါးပါပဲ၊ ရဲဘော်တွေရဲ့ လုံခြုံရေးနဲ့ သတင်းခိုင်လုံရေးအတွက် အချိန်ယူနေရတာပါ၊ ” ဟု တောင်ငူခရိုင် ပြည် သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တောင်ငူခရိုင် အမှတ် ၁ တပ်ရင်း ပဲခူးရိုးမ အနောက်ခြမ်း (အုတ်တွင်း-တောင်ငူ-ရေတာရှည်နှင့် ဆွာ) အမြန်လမ်းသစ်ပိုင်း နယ်မြေအတွင်း၌ လှုပ်ရှားတိုက်ခိုက်နေသော (RV) စစ်ကြောင်းမှ တိက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article