33 C
Yangon

ပေါက်တောမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်နေ၊ ရမ်းဗြဲမြို့ရှိ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ပေါက်တောမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်နေ၊ ရမ်းဗြဲမြို့ရှိ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များမီးလောင်နေ​ပြီး ရမ်းဗြဲမြို့ရှိ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပေါက်တောမြစ်ကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောက ပေါက်တောမြို့ရှိ နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း​ကြောင့် လူနေ ရပ်ကွက်များ မီးလောင်နေကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်သည် ရမ်းဗြဲမြို့အတွင်း ဝင်ရောက်လာကာ အမှတ် ၅ ရပ်ကွက်၊ လောင်းချောင်းအရပ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် အကြမ်းဖက် စစ်တပ်သည် ရမ်းဗြဲမြို့အတွင်း လေကြောင်းဖြင့် လက်နက်၊ ရိက္ခာနှင့် လူအင်အား ဖြည့်တင်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article