29 C
Yangon

လောက်ကိုင်မြို့တွင် ဒကစမှ လွဲ၍ စစ်တပ်စခန်း များများ မရှိတော့၊ MNDAA TNLA နှင့် AA တို့၏ စစ်ရေး ရည်မှန်းချက်များနှင့်အတူ မြန်မာပြည်သူများ၏ ဆန္ဒကိုလည်း တစ်ပါးတည်း အကောင်အထည်ဖော်နေ

Must read

လောက်ကိုင်မြို့တွင် ဒကစမှ လွဲ၍ စစ်တပ်စခန်း များများ မရှိတော့၊ MNDAA TNLA နှင့် AA တို့၏ စစ်ရေး ရည်မှန်းချက်များနှင့်အတူ မြန်မာပြည်သူများ၏ ဆန္ဒကိုလည်း တစ်ပါးတည်း အကောင်အထည်ဖော်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)မှလွဲ၍ စစ်တပ်စခန်း များများ မရှိတော့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

“တာရွှေထန်က တပ်တွေတော့ အကုန် MNDAA သိမ်းသွားပြီ။ လောက်ကိုင်ပတ်ဝန်းကျင်နားမှာ ရှိတဲ့ တပ်တွေ အကုန်နီးပါးလောက် MNDAA က သိမ်းထားပြီ။ ဒကစကတော့ နေ့တိုင်း အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေနဲ့ လောက်ကိုင်နေရာအနှံ့ကို ပစ်နေတယ်။ လေယာဉ်တွေနဲ့လည်း ဗုံးတွေ ကျဲတာ တောက်လျှောက်ပဲ။ လောက်ကိုင်မြို့ထဲမှာလည်း MNDAA တွေပဲ နေရာယူထားပါတယ်။ ဒီလာမယ့် ဇန်နဝါရီ လလယ်လောက်ဆိုရင်တော့ လောက်ကိုင်တစ်ခုလုံး ဒကစပါ အပါ MNDAA အောက်ရောက်မယ်ထင်တယ်။ လောက်ကိုင် ဒကစ ပတ်ပတ်လည်ကို MNDAA တွေက ဝိုင်းထားတာ” ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိကိုးကန့်ဒေသအတွင်းတွင် ဒကစ (လောက်ကိုင်) မှလွဲ၍ စစ်ကောင်စီ တပ်စခန်းများမှာ များများစားစားမရှိတော့ပြီဖြစ်သကဲ့သို TNLA တအာင်းအဖွဲအစည်းအနေဖြင့်လည်း ၎င်းတို၏ စစ်ရေးရည်မှန်းချက်နှင့်အတူ တအာင်းပြည်နယ်ရည်မှန်းချက်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့အတူ ရက္ခိုင့်တပ်တော်အနေဖြင့်လည်း သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိကြောင်း ညီနောင် မဟာမိတ်အဖွဲ့က ပြောဆိုသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး၏ အနှစ်သာရနှင့် အဓိကစစ်ရေးရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်နေစဉ်မှာပင် မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ လိုလားနေသောဆန္ဒကိုလည်း တပါတည်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ဖြုတ်ချရေးသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မမျှော်မှန်းဖူးသော စစ်တပ်ပစ်မှတ်များကို တစ်ခုပြီးတစ်ခု အလဲထိုးသိမ်းပိုက်ရယူနိုင်ခဲ့သော်လည်း စစ်တပ်ကိုလျှော့မတွက်ကြစေရန်နှင့် စစ်တပ်၏ ခေတ်အဆက်ဆက် သွေးခွဲမှု၊ မက်လုံး၊ အာဏာများဖြင့် မြူဆွယ်ခြင်းများကို သတိထားကြရန် အထူးလိုအပ်သည်ကို တော်လှန်ရေးထဲမှ ဖြတ်သန်းခဲ့ကြသော အတွေ့အကြုံ၊ သင်ခန်းစာများကို ကိုးကားပြီး အထူးသတိထားကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က သတိပေးထားသည်။

သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်းသိမ်းပိုက်ရယူနိုင်ရေးအတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့က ပုံမှန် ဆက်လက် ထိုးစစ်ဆင်နွှလျက်ရှိကြောင်း၊ စစ်တပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား ထိတွေ့တိုက်ပွဲများမှာ ယခင် ရက်များနည်းတူ ဆက်လက်ပြင်းထန်နေခဲ့ပြီး တစ်ပြိုင်နက်တည်းတွင် စစ်တပ်က စစ်ရေးရှုးနိမ့်မှုများကို အငြိုးအတေးဖြင့် အပြစ်မဲ့အရပ်သားများနှင့် လူနေအိမ်များရှိရာကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ- လောက်ကိုင်၊ တာရွှေထန်မှ စစ်အင်ဂျင်နီယာတပ်ရင်းကို MNDAA က သိမ်းပိုက်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article