38 C
Yangon

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းနှင့် ပုသိမ်အကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုစံလင်းစံတို့ ကျန်းမာရေးချို့ယွင်းစဉ် ဆေးကုသခွင့် မပေးသဖြင့် ကွယ်လွန်

Must read

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းနှင့် ပုသိမ်အကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုစံလင်းစံတို့ ကျန်းမာရေးချို့ယွင်းစဉ် ဆေးကုသခွင့် မပေးသဖြင့် ကွယ်လွန်

■ ၂၀၂၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ဆေးကုသခွင့်မရ၍ ကွယ်လွန်ခဲ့ရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ဆန့်ကျင်သော ပြည်သူများကို ထောင်သွင်းအကျဉ်းချထားရာ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းနှင့် ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားကိုစံလင်းစံတို့ ကျန်းမာရေးချို့ယွင်းစဉ် ဆေးကုသခွင့်မပေးသဖြင့် ကွယ်လွန်ခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပုဒ်မ၅၀(ည)ဖြင့် အကျဉ်းကျခံနေရသည့် အသက် ၂၃ နှစ်အရွယ်နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းသည် အကျဉ်းထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိသည့်အပြင် ထောင်ပြင်ပ ဆေးရုံသို့ အချိန်မှီပို့ဆောင်‌ပေးခဲ့ခြင်းမရှိသည့်အတွက် ကွယ်လွန်ခဲ့ရကြောင်း၊ မချယ်ရီဝင်းသည် ဒီဇင်ဘာလ ၁၈ ရက်‌နေ့နှင့် ၁၉ ရက်‌နေ့တို့ တွင် အဖျား ၁ဝ၆° ဖာရင်ဟိုက်အထိ ရှိနေ၍ ဆေးကုသခွင့်တောင်းခံရာ အကျဉ်းထောင်တွင်းသို့ လူကြီးလမ်းကြောင်းလာရန်ရှိသည်ဟုဆိုကာ ဆေးဝါးကုသမှုကိုချက်ခြင်းမပြုလုပ်ပေးခဲ့သဖြင့် မချယ်ရီဝင်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့ ပုသိမ်အကျဉ်းထောင်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၊ ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား အသက် ၃၀‌ အရွယ် ကိုစံလင်းစံသည် မူလရောဂါအခံကြောင့် ဦးခေါင်းခွဲစိတ်ခံထားရသူဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုများ‌ကြောင့် ဦးခေါင်း ဒဏ်ရာ ပို၍ဆိုးရွားလာသဖြင့် အောက်တိုဘာလမှ စ၍ ပုသိမ်ထောင်တွင်း၌ ဆေးဝါးကုသမှု ခံနေခဲ့ရကြောင်း ၊ သို့သော်အကျဉ်းထောင်တွင်း၌ ဆေးဝါး‌စောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းကြောင့် ဦးခေါင်းဒဏ်ရာမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ဆိုးရွားလာကာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက အကျဉ်းထောင်သို့ မိသားစုဝင်များ ပေးပို့သည့်ပါဆယ်ထဲတွင်အခြေခံလိုအပ်သော အင်္ဂလိပ်ဆေးဝါးများကိုပို့ဆောင်ခွင့်မပြုခြင်း၊အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း၊အရေးကြီးလူနာများကို အချိန်နှင့်တပြေးညီ ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခြင်းကို အချိန်နှင့်တပြေးညီ မခံခဲ့ကြရသည့်အတွက် ၂၀၂၃ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁၇)ဦးအထိအသက်သေဆုံးခဲ့ရကြောင်း သိရှိရသည်။

“ဒီဇင်ဘာလတစ်လအတွင်းမှာပဲ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိသည့်အတွက် အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်း သား ၁ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁ ဦး၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး၊ ပုသိမ်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး စုစုပေါင်း၄ဦးရှိနေပါပြီ။ ကွယ်လွန်သွားတာ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူက ရှင်းပြသည်။

လတ်တလော အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများကို အခြားရာဇဝတ်အကျဉ်းသားများက အနိုင်ကျင့် ဗိုလ်ကျ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများကို ဝင်ရောက် ရိုက်နှက်သတ်ဖြတ်ခြင်း အပါအဝင်စသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝ တ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article