33 C
Yangon

မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော် ပြာကျ

Must read

မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော် ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် ပြာကျခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီလောက်ကစတင်ကာ မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“မတ္တရာ ဥဒိန်ရွာကို စစ်ခွေးတွေ ဒီနေ့ ၇ နာရီလောက်က စပြီး မီးရှို့တာပါ။ မီးကတော့ ငြိမ်းသွားပါပြီ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးလို့ နေ​အိမ် ၂၀ ကျော်လောက် ပျက်စီးသွားပါတယ်” ဟု မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဥဒိန်ရွာမှ ပန်းယျကျေးရွာဘက်ကို ပြန်လည် ဆုတ်ခွာသွား​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article