30.5 C
Yangon

ကောလင်းနှင့် ဘုတလင်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရ

Must read

ကောလင်းနှင့် ဘုတလင်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် တောင်မော် ကျေးရွာကို ၀န်းသိုမြို့ ခမရ ၁၂၀ က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေ သခံပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကောလင်းမြို့နယ် တောင်မော်တိုက်နယ် တောင်မော်ကျေးရွာကို ၀န်းသို ခမရ(၁၂၀)က ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီခွဲ၀န်းကျင်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၁ လုံးမီးလောင်ပြာကျခဲ့ပြီး အမျိုးသမီး ၂ ဦး၊အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်

လို့ ဒေသတွင်းသတင်းတွေဖော်ပြပေးတဲ့ Kawlin Revolution-KR အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ ဒေသခံပြည်သူတွေရဲ့ ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ၀န်းသိုအခြေစိုက်စစ်ကောင်စီတပ်ဖွဲ့က ကောလင်းမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအ၀င် ဒေသပြည်သူ ၃ ဦးသေဆုံးပြီး၊သံဃာတော် ၁ ပါးနဲ့အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် သပြေပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ရွာခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ၀န်းကျင်အချိန် ဘုတလင်မြို့မရဲစခန်းက ပစ်ခတ်တဲ့ လက်နက်ကြီး(၁)လုံး သပြေပင်ကျေးရွာတောင်ပိုင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀၀န်းကျင်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

“သူက အိမ်မှာတင် ယက္ကန်းယက်နေတာပေါ့။အဲ့ဒီမှာ လက်နက်ကြီးကျကွဲတာ။ ပစ်တာက ဘုတလင် ရဲစခန်းကပစ်တာ။ခါးနဲ့တင်ပါးတွေကျည်စ မှန်တယ်။အသက်အန္တရယ်ကတော့ မစိုးရိမ်ရပါဘူး”လို့ ဘုတလင်ဒေသပြည်သူတစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေသတွင်းကျေးရွာတွေကို စစ်ကြောင်းထိုး ပစ်ခတ်ဖမ်းဆီးမှုတွေ မကြာခဏပြုလုပ်လေ့ရှိသလို စခန်းတွင်းကနေလည်း လက်နက် ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ဘုတလင်ရဲစခန်းက ပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံးဟာ ဘုတလင်မြို့အနောက်ဘက် လွှဲတဲကျေးရွာအနီးက စပါးရိတ်တောင်သူတွေအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်၂၀ ၀န်းကျင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article