28 C
Yangon

သရက်ခရိုင်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး CDM ပြုလုပ်ကြရန် မကွေး PDF က အသိပေး ထုတ်ပြန်

Must read

သရက်ခရိုင်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး CDM ပြုလုပ်ကြရန် မကွေး PDF က အသိပေး ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများ အားလုံး ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား အလင်းဝင်ရောက်ကြရန် Magway PDF သတိ ပေးထုတ်ပြန်ထားသည်။

သရက်ခရိုင်အတွင်းရှိ ဌာနပေါင်းစုံမှ ပြည်သူ့လစာကို စားသုံးနေကြသော ပြည်သူ့၀န်ထမ်းများ အနေ ဖြင့် ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အကြမ်းဖက်စစ်ကောင်စီအား CDM လုပ်ကြ ရန် နောက်ဆုံးအကြိမ် ဖိတ်ခေါ်ပါကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်အာဏာရှင်စနစ်တည် ဆောက်ရေးတွင် ဆက်လက်ပူးပေါင်းပါ၀င်နေသည်ကို စစ်ဆေးတွေ့ရှိပါက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားတော့မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်ဘဏ္ဍာနှင့်နိုင်ငံတော်အာဏာအား မတရားသဖြင့် ရယူရန် စတင်ကြိုးပမ်းခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်‌နေ့ နောက်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီ ၏ တရားမဝင် ၀န်ကြီးဌာနများတွင် စတင်အလုပ်၀င်ခဲ့ကြသော မည်သည့်ဝန်ထမ်းမဆို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မတိုင်မီ မကွေးတိုင်းဒေသကြီး အတွင်းမှ ထွက်ခွာကြရန်နှင့် ဆက်လက် နေထိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို လိုလားကြသော မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ် ၏ ကောင်စီ ထောက်တိုင် Non – CDM များနှင့် ပတ်သက်သော အချက်အလက်များ စတင်ပေးပို့တိုင် ကြားနိုင်ကြောင်း Magway PDF က ဖိတ်ခေါ်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article