25 C
Yangon

ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနှင့် မြို့တော်ခန်းမကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မတ္တရာမြို့နယ်တွင်လည်း စစ်ကြောင်းနှင့် ပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနှင့် မြို့တော်ခန်းမကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မတ္တရာမြို့နယ်တွင်လည်း စစ်ကြောင်းနှင့် ပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနှင့် မြို့တော်ခန်းမတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆားလင်းကြီးမြို့၊ မြို့မရဲစခန်းနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြို့တော်ခန်းမကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့၀င်များ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (3) PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF ၊ မုံရွာခရိုင်တပ်ရင်း(၂၄)ခွဲ(၃)

တိမ်တမာန်လေကြောင်းစစ်ဆင်ရေး၊ ဆားလင်းကြီးမြို့နယ်၊ပကဖ ၊ ကျောက်လုံးကြီး KLG တပ်မဟာ ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ ဒေါနစစ်ကြောင်း၏ ဖိုးမောင်ပြန်လာပြီ ဇာတ်ကားထောက်ပို့အဖွဲ့ ၊ Support To Federal Democracy ၊ CONNECT နှင့် ဒေသ ပကဖအဖွဲ့များနှင့်တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းနှင့် ပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက် ကျား တပ်ဖွဲ့ (မန္တလေး) Generation Z Power တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံ သို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ကျေးရွာကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လည်းကောင်း၊ ထို့ အပြင် မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ညောင်ကုန်း ပျူရွာကိုလည်းကောင်း ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီကောင်စီတပ်သား၊ ပျူစောထီးအများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းဆိုတော့ အတိအကျ မသိရဘူးဗျ၊ ဒဏ်ရာရတယ်လို့ပဲ သိရတယ်” ဟု ပြည်သူ့ ကာကွယ် ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့ (မန္တလေး) Generation Z Power တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့ (မန္တလေး) Generation Z Power တပ်ဖွဲ့၊ ပုသိမ် ကြီး ပကဖ ၊ မတ္တရာ ပကဖ၊ BRA ၊ Shar Htoo Waw နည်းပညာ ဒရုန်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article