30 C
Yangon

မြိုင်မြို့မှ ကန်နီပျူရွာကို ရိက္ခာပို့ရန် ထွက်လာသော စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ အကြိမ်ကြိမ် ပြန်ဆုတ်နေရ

Must read

မြိုင်မြို့မှ ကန်နီပျူရွာကို ရိက္ခာပို့ရန် ထွက်လာသော စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ အကြိမ်ကြိမ် ပြန်ဆုတ်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၈

မကွေးတိုင်း၊ မြိုင်မြို့မှ ကန်နီပျူရွာသို့ ရိက္ခာပို့ရန် ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သားများအထိနာပြီး ကန်နီပျူရွာမရောက်ပဲ မြိုင်မြို့အတွင်းသို့ အကြိမ်ကြိမ်ပြန်ဆုတ်သွားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၄ ရက် နံနက် ၇ နာရီခန့်က မြိုင်မြို့မှ ကန်နီပျူရွာသို့ ရိက္ခာပို့ရန် ထွက်လာသော စစ် ကောင်စီ၏ ထောက်ပို့စစ်ကြောင်းကို မြိုင်မြို့အထွက် ပေါက်ပျင်းလမ်းဆုံး၌ မိုင်းကြီး ၄ လုံးဖြင့်လည်း ကောင်း၊ နံနက် ၁၀ နာရီခန့်တွင် သံပုရာခြံကျေးရွာအနီး၌ ရှေ့ထွက်မိုင်း ၅ လုံးဖြင့် လည်းကောင်း ၊ ထို့အပြင် ဒရုန်းဖြင့် အီနာဂါ အလုံး ၂၀ ဖြင့်လည်းကောင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ဦး သေစေနိုင်လောက်သည့် အပြင်းအထန်ဒဏ်ရာရှိကာ မြိုင်မြို့အတွင်းသို့ ပြန်ဝင်သွား ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၅ ရက် နံနက်ပိုင်းတွင် မြိုင်မြို့အတွင်းမှ ကန်နီပျူရွာသို့ ထပ်မံ ထွက်ခွာလာ ရာ နံနက် ၆ နာရီခန့်အချိန်တွင် ပေါက်ပျင်းလမ်းဆုံ၌ မိုင်းကြီးသေး ၄ လုံးဖြင့် လည်း ကောင်း၊ နံနက် ၁၁ နာရီအချိန် ဂွေးပင်လယ်ချောင်းအရောက် မိုင်း ၅ လုံး ဖြင့်လည်းကောင်း၊ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ရာရရှိပြီး မြိုင်မြို့အတွင်းသို့ ပြန်လည်ဆုတ်သွားခဲ့ ကြောင်း သိရသည်။

ထို့သို့ မြိုင်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို မြိုင်မြို့အဝင်၌

ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကားမှာ မြိုင်မြို့ဆေးရုံးအတွင်းသို့ အမြန်မောင်း ဝင် သွားသည်ကို တွေ့ရကြောင်း မြိုင်ပကဖ က ပြောဆိုသည်။

ထိုသို့ အကြိမ်ကြိမ် တိုက်ခိုက်ခံရမှုကြောင့် မြိုင်မြို့အတွင်းမှ ထွက်လာမရဲတော့ပဲ ဖမ်းဆီးထားသော ဓားစာခံများကို အသုံးချကာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ အဖွဲ့ဝင်များဖြစ်သော မြိုင်ပကဖ Doneတပ်ဖွဲ့ ၊ Myaing UAV Fighter ၊ ဗိုလ်မြွေဆိုးတပ်ဖွဲ့ ၊ တိုက်နယ် ၄ MPL တပ်ဖွဲ့ ၊ မြိုင်ပကဖ တပ်ရင်း ၂ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ နှင့် Earthquake Defense Force(Pku) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article