33 C
Yangon

ပဲနွယ်ကုန်းတိုက်ပွဲတွင် ရှေ့တန်းတပ်များကို ဦးစီး ကွပ်ကဲရသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုဗိုလ်မှူးကြီး မင်းထင်အောင် ဗုံးထိမှန် ဒဏ်ရာရရှိပြီး ဗုံးစ ထုတ်မရ

Must read

ပဲနွယ်ကုန်းတိုက်ပွဲတွင် ရှေ့တန်းတပ်များကို ဦးစီး ကွပ်ကဲရသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုဗိုလ်မှူးကြီး မင်းထင်အောင် ဗုံးထိမှန် ဒဏ်ရာရရှိပြီး ဗုံးစ ထုတ်မရ

ရန်ကုန်၊ ဇန်နဝါရီ ၈

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှစတင်၍ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် ရှေ့တန်းတပ်များကို ဦးစီးကွပ်ကဲရသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုဗိုလ်မှူးကြီး မင်းထင်အောင် ဗုံးစထိမှန် ဒဏ်ရာရရှိပြီး ဗုံးအစ ကိုယ်ခန္ဓာထဲဝင် စိုက်ဝင်နေမှု ထုတ်မရဖြစ်နေကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို KNLA တပ်များနှင့် PDF တပ်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်များက နတ်သံကွင်းနှင့်ကပ်လျက် ပဲနွယ်ကုန်းမြို့အထိပါ ချီတက်လာရာ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်၍ ပဲနွယ်ကုန်းမြို့တိုက်ပွဲ အလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များက လေယာဉ်များဖြင့် နေ့စဉ် ရက်ဆက် ဗုံးကျဲ ချခဲ့ကြောင်း ၊ ပဲနွယ်ကုန်းတိုက်ပွဲတွင် စစ်တပ်ကဘက်မှ ရှေ့တန်းတပ်များကို ဦးစီးကွပ်ကဲရသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုဗိုလ်မှူးကြီး မင်းထင်အောင် ဗုံးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“တောင်ငူ ဂျီဝမ်း ဒုမှူးကြီး မင်းထင်အောင် ပဲနွယ်ကုန်း တိုက်ပွဲ ဗုံးထိတယ်။ ခေါင်း မျက်နှာ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာရ ခန္ဓာကိုယ်ထဲ ကဗုံးစထုတ်မရသေးဘူး။ သူက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အရေးပါတယ်။ ရှေ့တန်း စစ်မြေပြင်နဲ့ တပ်တွေကို ဦးစီးကွပ်ကဲရတဲ့သူ အခုတော့ ဒဏ်ရာနဲ့ အတော် အခြေအနေမကောင်းဘူးလို့ သိရပါတယ်” ဟု တပ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ပဲခူးတိုင်းတွင် ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အထိပါ တော်လှန်ရေးတပ်များက ထိုးစစ် ဆင်မှုများ လုပ်ဆောင်လာပြီး ရန်ကုန်နှင့် မိုင် ၁၀၀ ကျော်သာ ကွာဝေးသော ကညွတ်ကွင်းတွင်ပါ ထိုးစစ်ဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်းကို ကွင်းဆင်းစစ်ဆေးနေသော ဒုတိယဗိုလ်မှူးကြီး မင်းထင်အောင်။ (၂၀၂၂ ခုနှစ် ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article