30 C
Yangon

သိန္နီမြို့ရှိ စကခ ၁၆ စစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ ၊ KNDF ၊ PLA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်၊ ရဟတ် ယာဉ် ကွင်း၊ သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက် ခဲယမ်း များ အများအပြား သိမ်းဆည်း ရရှိ

Must read

သိန္နီမြို့ရှိ စကခ ၁၆ စစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ ၊ KNDF ၊ PLA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်၊ ရဟတ် ယာဉ် ကွင်း၊ သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက် ခဲယမ်း များ အများအပြား သိမ်းဆည်း ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ရှိ စကခ ၁၆ စစ်ဌာနချုပ်ကို ညီနောင် မဟာ မိတ် ၃ ဖွဲ့ ၊ KNDF ၊ PLA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့ တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရဟတ်ယာဉ်ကွင်း၊ သံချပ် ကာကားများ၊ ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက်ခဲယမ်းများ အများ အပြား ရရှိ ကြောင်း PLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သိန္နီမြို့ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ တော်လှန်ရေးတပ်ဖွဲ့များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ရန်အတွက် သိန်းနီမြို့အထွက် နမ်မတူ​ချောင်း တံတားထိပ်မှ စတင်တိုက်ခိုက်​ခဲ့ကြောင်း၊ ထိုမှတဆင့် ကောင်းဟော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကောင်းဟော်ရွာတခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင်ပင် ခလရ ၆၉ တပ်ကို စတင်တိုက်ခိုက်ပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် ခလရ ၆၉ ကို သိမ်းပိုက်ရရှိကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တပ်မ ၁၆ ဌာနချုပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ၊ ထို့နောက် ကျန်ရှိနေသော စကခ ၁၆ ဧရိယာတခုလုံးတွင်ရှိသော တပ်ရင်းများ ​​လက်နက်ကြီးကုန်းများ လေယာဥ်ကွင်းများ လက်နက်ဂို​ဒေါင်များ သံချပ် ကာကားများ၊ ပွိုင့် 5 လက်နက်များ၊ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် စစ်အင်ဂျင်နီယာတပ် (ခေါ်) GEတပ် ကို ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကုန်လုံး ထွက်ပြေးကြကြောင်း၊ ဆေးတပ်ကလည်း အကုန်လုံးထွက်ပြေးကြကြောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီတွင်မူ စကခ ၁၆ ဧရိယာတစ်ခုလုံးကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်လီ ပန်ဖက် တံတား အနားအထိ လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် KNDF က တော်လှန်ရေးတပ်များဘက်မှ စစ်ကူဝင်လာပြီး MNDAA တပ်၏ ၅၀၁ တပ်ကလည်း စစ်ကူ အဖြစ် ဝင်တိုက်ကြောင်း၊ MNDAA တပ်၏ ဒရုန်းတပ်များကလည်း ပါဝင်ကူကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article