25 C
Yangon

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရှောင်တဲ ၃၃ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် နွားများကို ခိုးယူသွား

Must read

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရှောင်တဲ ၃၃ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် နွားများကို ခိုးယူသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရှောင်တဲ ၃၃ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် နွားများကို ခိုးယူသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ၆၀၀၆ အမြောက်တပ်မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နတ်အင်းရွာမှ ပျူစောထီးများဖြင့် ပူးပေါင်းပြီး ထန်းကုန်းတိုက်နယ်ကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ဘေးရှောင်တဲတိုက်များတွင်နေထိုင်သည့် ထိန်တောရွာမှ အသက် ၆၅ နှစ်အရွယ် ဒေါ်ကြည်ဌေးကို သေနတ်ဖြင့် ၂ ချက် ပစ်ခတ်သတ်ဖြတ်ကာ၊ ရွာမရွာမှ အသက် ၃၅ နှစ်အရွယ် ကိုတင်မျိုးအောင်ထွန်း(ခ)ကုလားကို တဲပေါ်တင်၍ မီးရှို့သတ်ဖြတ် ပြီးနောက် စစ်ရှောင်တဲ ၃၃ လုံးကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူပိုင် နွားများကိုလည်း ခိုးယူ သယ်ဆောင်သွားကြောင်းသိရသည်။

“စစ်ခွေးစစ်ကြောင်းက ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားတဲ့ နတ်အင်းရွာထဲကို ပြန်ဝင်သွားတယ်။ ပြည်သူပိုင် နွားတွေကိုလည်း ခိုးယူသွားတယ်။ ဒီမနက်တော့ ၆၀၀၆ က စစ်ကား ၄ စီး ထန်းကုန်းဘက်ထပ်ထွက်တယ်လို့ ပြောပါတယ်။ အခြေအနေတော့ မသိရသေးဘူး” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ အများအပြားများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ကန့်ဘလူ ၆၀၀၆ အမြောက်က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများကြောင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးကာ ကျွဲ၊ နွားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ တချို့ကျေးရွာများမှာလည်း လက်ရှိချိန်ထိ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာကို တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ကန့်ဘလူ #စစ်တပ် #စစ်ဘေးရှောင်ပြည်သူ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article