36 C
Yangon

တီးတိန်၊ စစ်ကောင်စီ၏ သိုင်းငင်းစခန်းသိမ်း တိုက်ပွဲမှ ရဲဘော်စစ်သည်များကို ပြည်သူများက သောင်းသောင်းဖျဖျကြိုဆို၊ သိုင်းငင်းစခန်းမှ စစ်ကောင်စီ တပ် ဖွဲ့ဝင်များကို လက်နက် ချခိုင်းသော်လည်း မချ၍ စခန်းရှိ စစ်သားများအားလုံး တစ်ဦးမကျန် သေဆုံး

Must read

တီးတိန်၊ စစ်ကောင်စီ၏ သိုင်းငင်းစခန်းသိမ်း တိုက်ပွဲမှ ရဲဘော်စစ်သည်များကို ပြည်သူများက သောင်းသောင်းဖျဖျကြိုဆို၊ သိုင်းငင်းစခန်းမှ စစ်ကောင်စီ တပ် ဖွဲ့ဝင်များကို လက်နက် ချခိုင်းသော်လည်း မချ၍ စခန်းရှိ စစ်သားများအားလုံး တစ်ဦးမကျန် သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စစ်ကောင်စီ၏ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှ ရဲဘော် စစ်သည်များကို ပြည်သူများက သောင်း သောင်းဖျဖျကြိုဆိုကြကြောင်း ဒေသသတင်းရင်းမြစ် The Chin Journal က ဖော်ပြသည်။

သိုင်းငင်း စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲမှ အောင်မြင်မှုနှင့် ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက အောင်သပြေ ပန်းကုံးများဖြင့် ကြိုဆိုကြပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ချင်းပြည်နယ်၊ တီးတိန်းမြို့နယ်၊ သိုင်းငင်း ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် အဆိုပါ စခန်း ရှိ စစ်ကောင်စီတပ်သားများ အားလုံး သေဆုံးခဲ့ပြီး တိုက်ပွဲတွင် စစ်သား များ လက်နက်ချရန် ချင်းတော်လှန်ရေးတပ်များက ပြောဆိုခဲ့ကြောင်း၊ သို့ရာ တွင် စစ်ကောင်စီတပ်သားများက ခေါင်းမာစွာဖြင့် ခုခံခဲ့သဖြင့် အားလုံး သေဆုံး ခဲ့ကြ ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“စခန်းကို ပတ်ပတ်လည် ၀ိုင်းပြီးတဲ့အချိန်မှာ လက်နက်ချဖို့ ကျနော်တို့က ပြော တယ်။ ဒါပေမယ့် စစ်သားတွေက လက်နက်မချဘူး ဆက်တိုက်ပါဆိုပြီး ပြောတယ်။ စခန်းထဲမှာ အားလုံး သေပါတယ်။ တစ်ဦးမှ အသက်မရှင်ဘူး။ ထွက်ပြေးနိုင်သူလည်းမရှိဘူး” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြ သည်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၃၀ သေဆုံးပြီး ချင်းကာကွယ်ရေးပူး ပေါင်းတပ်မှ ရဲဘော် ၈ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article