28 C
Yangon

နွားထိုးကြီးတွင် ရဲစခန်း၊ ဆောက်လုပ်ရေးရုံးနှင့် စစ်တပ်စစ်ကြောင်းကို တော် လှန် ရေးတပ်များက တိုက်ခိုက်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ ဦးဒဏ်ရာရ

Must read

နွားထိုးကြီးတွင် ရဲစခန်း၊ ဆောက်လုပ်ရေးရုံးနှင့် စစ်တပ်စစ်ကြောင်းကို တော် လှန် ရေးတပ်များက တိုက်ခိုက်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဖောင်းချဉ်းကျေးရွာ တွင် စစ်တပ် စစ် ကြောင်း ကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရန် ဝိုင်းဝန်းခဲ့ သော် လည်း စစ်ရဟတ်ယာဉ်ဖြင့် ပျံဝဲကာ လုံခြုံ ရေးယူနေသဖြင့် ပြန်လည် ဆုတ်ခွာ ခဲ့ရကြောင်း နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ညပိုင်းအချိန် မြင်းခြံမြို့မှ ဖောကားတစ်စီး၊ မှန်လုံကား အသေးတစ်စီးဖြင့် လိုက်ပါ လာသော စစ်ကောင်စီတပ်သားများနှင့် ဝက်လူး ကျေးရွာ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား များ ပူးပေါင်းကာ အင် အား ၆၀ ခန့်ဖြင့် နွားထိုးကြီးမြို့နယ်၊ ဖောင်းချဉ်ကျေးရွာအတွင်းသို့ ဝင် ရောက် လာ ကြောင်း၊ စစ်ကောင်စီတပ်သားများကို ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ရန် ဝိုင်းဝန်းခဲ့ရာ စစ်ကောင်စီတပ်သားများမှာ ဘုရားဝင်းထဲ ကပ်နေ ပြီး ရဟတ်ယာဉ်မှ လုံခြုံ ရေး ယူပေးနေသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“လက်ရှိ ခွေးတွေက ဖောင်းချဉ်းရွာထဲမှာပဲရှိသေးတယ်၊ ရဟတ်ယာဉ်ကတော့ မြို့သာလေဆိပ် ပြန် တာ၊ တိုက်ပွဲက ပြင်း ပြင်းထန်ထန်မဖြစ်လိုက်ဖူး၊ လေ ကြောင်းကနေ ပတ်ပေးပြီး ဘုရားဝင်းထဲ ဝင် ကပ်နေလို့ အဖွဲ့တွေက ပြန်ဆုတ် လာခဲ့ရတာ၊” ဟု နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်းနှင့် ဆောက်လုပ် ရေးရုံးအတွင်း တပ်စွဲ ထားသော စစစ်ကောင်စီ တပ်သား များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က Fixed Wings ဒရုန်း လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်၏ တန်ပြန်ပစ်ခတ်မှုကြောင့် ဒရုန်းလေယာဉ် ၂ စီး ဆုံးရှုံးခဲ့ကြောင်း သိရ သည်။

ထို့ပြင် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း နွားထိုးကြီးမြို့နယ်၊ ရွာကြီး ရွာရှိ အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ဗိုလ်စား ပြောက်ကျား တပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း ၊ ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲ သည်ကို မကျေနပ်၍ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“ဗိုလ်စားပြောက်ကျားတပ်ဖွဲ့က စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကျဲလို့ စစ်တပ်က ရမ်း ကား ပြီး အမျိုးသမီးကို ပစ်သတ်လိုက်တာ၊ သေဆုံးသူက ရွာကြီးရွာ မှာနေတဲ့ အမျိုးသမီးပဲ။ ဈေးဝယ်ပြန်လာတာ၊ စစ်ခွေးတွေ လော်ဘီချန်နယ်တွေမှာတော့ PDF က ပစ်သတ်တယ်ဆိုပြီး လိမ်ထားတယ်၊ မနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ဖြစ် တာ၊ သူတို့လုပ်တာ သူတို့သိတယ်၊ အဲဒါကို လိမ်လည် ဝါဒ ဖြန့်ထားတာ” ဟု နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

အလားတူ နွားထိုးကြီးမြို့နယ်၊ သမင်ဘေးရွာထိပ်တွင် ဈေးဝယ်ပြီး ဆိုင်ကယ် ဖြင့် ပြန်လာသည့် သားအမိနှစ်ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သား ဖြစ်သူသေဆုံးသွား ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်အချိန် နွားထိုးကြီးမြို့နယ်တွင် စစ် ကြေင်းထိုး ခြေလျင် လှည့်လည်နေသည့် စစ်သားများက ဈေးဝယ်ပြီး ဆိုင်ကယ် ဖြင့် ပြန်လာသည့် သားအမိနှစ်ဦး ကို သမင်ဘေးရွာထိပ်အရောက် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ် မောင်းသူ ရင်ဘတ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ လွတ် မြောက်သွားကြောင်း၊ ထို့အပြင် သမင်းဘေးရွာ အတွင်း၌ ကျောင်းမှ ပြန်လာ သည့် ကလေးငယ်တစ်ဦးက စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ် ခဲ့ရာ ဒဏ်ရာရရှိပြီးဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

“သမင်ဘေးရွာက သားအမိနှစ်ယောက်နွားထိုးကြီးမြို့ ဈေးကနေ ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာ တာ၊ ရွာထိပ်အရောက် စစ်ခွေးတွေနဲ့တွေ့ပြီး မလှမ်းမ ကမ်းကနေ ပစ်သတ်လိုက်တာ၊ သေသွားတဲ့သူ က ကိုငလင်း၊ အသက်ကနေ ၂၇ ဝန်းကျင်လောက်ရှိမယ်၊ ရင်ဘတ်ကိုကျည် ဖောက်ထွက်ဒဏ်ရာ ၂ ချက်နဲ့ သေ သွားတယ်၊ အမေဖြစ်သူက မထိလိုက်ဘူး၊ တချိန်တည်းမှာပဲ ကျောင်း ကနေ ပြန်လာတဲ့ ကလေးတစ်ယောက်ကို စစ်ခွေးတွေ ပစ်လိုက်တာ၊ ခြေ ထောက် ကျည်ထိပြီး မန္တလေးဆေးရုံကြီးကို ပို့ လိုက်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article