37 C
Yangon

ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်အုပ်စုထံ လေယာဉ်ဆီထောက်ပံ့ပေးနေမှု ရပ်တန့်ပေးရေး လှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရန်ကုန်မြို့ လူစည်ကားရာ တစ်နေရာ၌ အကြမ်းဖက်စစ်ကောင်စီထံ လေယာဉ်ဆီထောက်ပံ့ပေးနေ မှု ဖြတ်တောက်ပေးရန် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ပြည်သူ့သပိတ်အင်အားစုမှ တာဝန်ရှိသူ ကိုနွေဦးအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် အစောပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု များစွာကို ကျူးလွန်လျက်ရှိသည့်အပြင် ဘာသာရေးအဆောက်အဦများ ၊ ယဉ်ကျေးမှုအမွေအနှစ် များ၊ စာသင်ကျောင်းများ၊ ဆေးရုံများအပါအဝင် လူနေအိမ်ပေါင်းများစွာအပေါ် ပေါင် ၅၀၀ ဗုံး၊ Cluster ဗုံးများအသုံးပြု၍ ကျဲချတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်အုပ်စုထံ ပြည်တွင်းပြည်ပရှိ ကုမ္ပဏီများနှင့် နိုင်ငံအချို့အနေဖြင့် လေယာဉ်ဆီတင်ပို့ရောင်းချခြင်း ရပ်တန့်ပေးရန်၊ ထို့သို့ လေ ယာဉ်တင်ပို့ရောင်းချနေသည့် နိုင်ငံနှင့် ကုမ္ပဏီများကို ကုလသမဂ္ဂအနေဖြင့် ဖိအားပေးအရေးယူ ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #Cluster #ရန်ကုန်မြို့ #စစ်အုပ်စု #အကြမ်းဖက်စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article