26 C
Yangon

မန်စီမြို့နယ်၊ ကောင်းမှုယန်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်မှု စစ်သား ၂၀ ကျော် ဖမ်းဆီးရရှိ၊ ဖားကန့်ဝှေ့ခါမှော်ရှိ စစ်တပ်ဗျူဟာကုန်း ကို လည်း KIA က တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ကောင်းမှုယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ကို KIA က ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်မှ စစ်သား ၂၀ ကျော်ကို အရှင်ဖမ်းမိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မန်စီ မြို့ နယ် ၊မန်ဝိန်းကြီး ကျေး ရွာ အနောက် ဘက် ဘန်ခုန်ယန် (ခ) ကောင်းမှု ယန် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ ၃ က တိုက်ခိုက်သိမ်း ပိုက်လိုက်ကြောင်း၊ စစ်သား ၂၀ ဦးကျော်ကိုလည်း စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်း မိ ကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်အနီးရှိ စစ်တပ်က ဗျူဟာကုန်းကို ယနေ့ KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့မွန်းလွဲ ၃ နာရီဝန်းကျင်မှစတင်ပြီး ဝှေခါကျေးရွာတွင် စစ်ကောင်စီ တပ်များနှင့် KIA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ဝှေ့ခါမှော် အနီးရှိ စစ်တပ်ဗျူဟာကုန်းက လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း၊ ထို့ကြောင့် KIA က ယင်းစစ်တပ်ဗျူဟာကုန်းကို သွားရောက်တိုက်ခိုက်ရာ ယနေ့တွင် သိမ်း ပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲက မနေ့ကတည်းကဖြစ်တာ။ ဒီနေ့တော့ ဝှေ့ခါမှော်နားက စစ်တပ်ဗျူ ဟာကုန်းကို KIA က သိမ်းပိုက်လိုက်ပါပြီ။ အဲဒီဗျူဟာကုန်းကနေ ဖားကန့် တစ်ခွင် ကို လက်နက်ကြီးတွေနဲ့ လျှောက်ပစ်နေခဲ့တာ။ ပြည်သူတွေ သေဆုံး ထိခိုက် မှုတွေ အရမ်းများ အောင် လုပ်ခဲ့တဲ့ ဗျူဟာကုန်းဖြစ်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article