25 C
Yangon

မင်းလှတွင် ပြည်သူ့စစ်စုဆောင်းခိုင်းသဖြင့် မြို့ပေါ်မှ ရပ်ကွက် အုပ်ချုပ် ရေးမှူးတချို့ တာဝန်မှ နုတ်ထွက်ခွင့်ပြုရန်တင်ပြမှု စစ်တပ်က လက်မခံ

Must read

မင်းလှတွင် ပြည်သူ့စစ်စုဆောင်းခိုင်းသဖြင့် မြို့ပေါ်မှ ရပ်ကွက် အုပ်ချုပ် ရေးမှူးတချို့ တာဝန်မှ နုတ်ထွက်ခွင့်ပြုရန်တင်ပြမှု စစ်တပ်က လက်မခံ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မြို့ပေါ်တွင် ပြည်သူ့စစ်သင်တန်းများ ပို့ချရန် လူစုဆောင်းခိုင်းသဖြင့် မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့က တစ်ပြိုင် နက်တည်း နုတ်ထွက်ခွင့်ပြုရန် တင်ပြကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက် များတွင် ပြည်သူ့စစ်သင်တန်း တက်ရောက်ရန်အတွက် လူစုခိုင်းသဖြင့် မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သဘောထားတူညီစွာဖြင့် တာဝန်မှ နုတ် ထွက်ခွင့် အသီးသီးတင်ပြကြကြောင်း၊ ယင်းနောက် မြို့နယ်စစ်ကောင်စီနှင့် နယ်မြေခံတပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူ၍ နုတ်ထွက် မည် ဆိုပါက နုတ်ထွက်နိုင်ကြောင်း၊ သို့ရာတွင် လစ်လပ်သွားသော နေရာများ တွင် စစ်သားနှင့်စစ်သားဟောင်းများကို အစားထိုး၍ စစ်အုပ်ချုပ်ရေး ပုံစံဖြင့် အုပ် ချုပ်မည်ဟု စစ်တပ်ဘက်က တုံ့ပြန် ပြောဆိုလာကြောင်း ၊ ထို့ကြောင့် မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နုတ်ထွက်ရန် တင်ပြမှုကို ရပ်ဆိုင်း လိုက် ကြကြောင်း သိရှိရသည်။

“စစ်တပ်က လူမစုပေးရင် အတင်းအဓမ္မ လုပ်မယ်လို့ ပြောတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတချို့က သူတို့နည်း သူတို့ဟန်နဲ့ လူရ အောင်ရှာပေးဖို့ လို့ ပြောလိုက်တယ်။ နုတ်ထွက်ခွင့်လည်းမရကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က မင်းလှမြို့နယ်၊ ကျေးရွာများတွင် နေ့စဉ် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာမှုများကို ကန့်သတ်လိုက်ပြီး စစ်ဆေးမှုများ လုပ်ဆောင် မည်ဖြစ်ကြောင်း၊ ညအချိန်မတော်သွားလာသူများကို ပေါ်တာပုံစံဖြင့် ဖမ်းဆီး၍ ပြည်သူ့စစ်အဖြစ် စုဆောင်းမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

သို့ရာတွင် မင်းလှမြို့နယ်၊ ဒီလှိုင်းအုပ်စု၊ သရက်တောကျေးရွာ အုပ်ချုပ်ရေးမှူး မှာမူ စစ်တပ်အလိုကျ လုပ်ဆောင်နေပြီး ပြည်သူ့စစ်စုဆောင်းခြင်းအပြင် ရပ် ကွက် နေပြည်သူများကိုပါ အနိုင်ကျင့် ဖိနှိပ်မှုများ လုပ်ဆောင်နေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းလှမြို့ရှိ တပ်ရှေ့တွင် Failed Law လှုပ်ရှားမှု ပြုလုပ်ခဲ့စဉ်။ (ပုံ အဟောင်းဖြစ်ပါသည်။)

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #FailedLaw #စစ်တပ် #မင်းလှ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article