35 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့က ရဲစခန်းနဲ့ စစ်တပ်စခန်းကိုပါ KIA က တိုက်ခိုက်သိမ်းပိုက် ရရှိတာကြောင့် မဘိမ်းမြို့ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံပြည်သူ တချို့နဲ့ KIA သတင်းရင်းမြစ်ဆီကသိရပါတယ်။

– မွန်ပြည်နယ်၊ ရေးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၈၈ တပ်ရင်းနဲ့ ခလရ ၁၀၆ တပ်ရင်း အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦးနဲ့ တပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်းဆီကနေသိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ စခန်းတွေအတွင်းမှာပဲ နေထိုင်နေကြရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article