31 C
Yangon

ဘန်ကောက်မှာ မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ခံရပြီး ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို ရေခဲသေတ္တာ မှာတွေ့

Must read

ရန်ကုန် ၊ ဇန်နဝါရီ ၂၂

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bang Khunthian ခရိုင်က အငှားတိုက်ခန်းတစ်ခု မှာ သတ်ဖြတ်ခံထားရတဲ့ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားကို ထိုင်း ရဲတပ်ဖွဲ့ကတွေ့ ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာကဖော်ပြထားပါတယ်။

ဘန်ကောက်မြို့ တောင်ဘက်အစွန်းဆုံးမှာတည်ရှိတဲ့ Bang Khunthian ခရိုင်က စီးပွားရေး အဆောက်အအုံတစ်ခုမှာ မသင်္ကာဖွယ်ရာ တစ်စုံ တစ်ခု ဖြစ်နေကြောင်း Samae Dam ရဲစခန်းက ဖုန်းဆက် တိုင်ကြားမှုတစ်ခု တနင်္ဂနွေနေ့က ရရှိခဲ့ပါတယ်။

အဆိုပါ တိုင်ကြားမှုကြောင့် ရဲတွေနဲ့ ကယ်ဆယ်ရေးသမားတွေ သွားရောက် ရှာဖွေခဲ့ရာမှ အဆောက်အအုံ စတုတ္ထထပ်က အငှားတိုက်ခန်းတစ်ခုအတွင်းက ရေခဲသေတ္တာအဖြူရောင် တစ်လုံးကို တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ အထဲမှာ လူတစ်ယောက်ရဲ့ ခြေထောက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ Bang Khunthian ခရိုင်က အငှားတိုက်ခန်းတစ်ခုမှာ မြန်မာနိုင်ငံသား တစ်ဦး သတ် ဖြတ် ခံရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရေခဲသေတ္တာ ထည့်ထားတာကို ရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆိုပါ တိုက်ခန်းနဲ့ ရေချိုးခန်းထဲမှာ သွေးတွေ စွန်းပေနေပြီး ကုတင်အောက် မှာတော့ သံကြိုးတစ်ချောင်းရှိနေတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အနီးဝန်းကျင်က CCTV မှတ်တမ်းတွေ စစ်ဆေးဖော်ထုတ် နေတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာနဲ့ ပတ်သက်ပြီး မြန်မာ အမျိုးသား တစ်ဦးက အဆိုပါတိုက်ခန်းမှာ အိန္ဒိယ အမျိုးသားတစ်ဦးက အလုပ် ရှာဖွေရေး အေဂျင်စီဖွင့်ထားတာ ဖြစ်ကြောင်း သောကြာနေ့က သူနဲ့ အတူ အခြား မြန်မာမိတ်ဆွေ ၅ ဦးတို့ အဆိုပါ အလုပ်ရုံးခန်းကို အတူတကွ လာရောက် ခဲ့ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး သူအပါအဝင် ၅ ဦးကို အခြားနေရာတွေကို ခေါ်သွားခဲ့ပြီး သူတို့ ထဲက Yao ဆိုသူ တစ်ဦးတည်း အဆိုပါ အဆောက်အအုံမှာ ဆက်လက် ကျန်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ စနေနေ့မှာတော့ သူတို့အားလုံး Yao အဆက် အသွယ်ပြတ်သွားခဲ့တာကြောင့် သက်သေထွက်ဆိုသူက တနင်္ဂနွေနေ့မှာ အဆိုပါ အခန်းကို ထပ်မံလာရောက်ကာ အဆောက်အဦးပိုင်ရှင်ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက် အခန်းတံခါးကို ဖျက်ပြီး ဝင်ရောက်ကြည့်ဖို့ ပိုင်ရှင်က ခွင့်ပြုခဲ့ပြီး အထဲကိုရောက်ရှိချိန်မှာတော့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေတွေ့ခဲ့ပြီး ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အသတ်ခံရသူ ဟာ မြန်မာနိုင်ငံ သားတစ်ဦးဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ က ဆိုသော်လည်း မည်သူမည်ဝါ ဆိုတာ ကိုတော့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးတဲ့ အပြင် တရားခံကိုလည်း ရှာဖွေနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #Yao #CCTV

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article