25 C
Yangon

မိုင်းပွန်မြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ကားလမ်းများ ပိတ်ထားသောကြောင့် ပြည်သူများ ပိတ်မိနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကားလမ်းများ ပိတ်ထားသောကြောင့် ပြည်သူများ ပိတ်မိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မိုင်းပွန်မြို့၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လွိုင်လင်မြို့နှင့် မိုင်းပွန်မြို့ အကြားရှိ ကားလမ်းများကို ပိတ်ထားသောကြောင့် ပြည်သူများ ပိတ်မိနေကြောင်း သိရသည်။

“မိုင်းပွန်မှာ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်။ လွိုင်လင်နဲ့ မိုင်းပွန် အကြားက ကားလမ်းကို စစ်ခွေးတွေက ပိတ်ထားတယ်။ ကားတွေပေးမဖြတ်ဘူး။ ပွန်ချောင်းတံတားကိုလည်း တွဲကားနဲ့ ပိတ်ထားပြီး မြို့ကိုပေးမဖြတ်တော့ဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article