37 C
Yangon

မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်စခန်းမှ ပျူစောထီး ၁ ဦး အလင်းဝင်

Must read

မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်စခန်းမှ ပျူစောထီး ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်စခန်းမှ ပျူစောထီးတစ်ဦး ထွက်ပြေးလာပြီး အလင်း ဝင်‌ရောက်ခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ(SRF)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော် Bravo က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က မင်းကင်းမြို့နယ်၊ အင်ကြင်းတောင် ပြည်သူ့စစ်စခန်းမှ ပျူစောထီးဇင်ကို သည် စစ်ကောင်စီတပ်စခန်းအတွင်း နေထိုင်စဉ် အထက်အရာရှိကြီးများ၏ ဖိနှိပ်ညှင်းပန်းနှိပ် စက်မှု ခံရခြင်း၊ ပြင်ပနေ မိသားစုများနှင့် ဆက်သွယ်ခွင့်မရပဲ ပိတ်လှောင်ခံထားရကာ နေထိုင်ရခြင်းတို့ ကြောင့် ထွက်လာပြေးလာကာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ထံသို့ အလင်းဝင်‌ရောက် လာခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်တော့ မယူလာနိုင်ဘူး၊ ဒီအတိုင်းပဲ အလစ်သုတ်ပြီး ထွက်ပြေးခဲ့ရတဲ့ အနေအထားမျိုးပါဗျ၊ သူထွက်ပြေးလာရတဲ့အကြောင်းအရင်းကတော့ ၂ ခုပေါ့၊ ပထမတစ်ကြောင်းက သူတို့တွေဟာ ပြင်ပ ကမ္ဘာနဲ့ ဆက်သွယ်ခွင့်မရဘူးပေါ့၊ ပြည်သူ့စစ်စခန်းဆိုပေမယ့် စစ်တပ်ကုန်းလို့မျိုး ကုန်းတွေနဲ့ နေကြ ရတာ၊ကုန်းပေါ်ကနေ အင်ကြင်းတောင်ရွာထဲတောင် ဆင်းခွင့်မရတော့ဘူး၊သူ့ပြောဆိုပုံအရတိရစ္ဆာန် တွေလိုပဲ၊ အပြင်လည်းမသွားရဘူး၊ ဘာမှလဲမလုပ်ရဘူး၊ ဖုန်းတောင်မှ တခါတလေမှ ပြော ခွင့် ရတာ အဲလိုမျိုးအနေအထားရှိလာကြောင့်ပေါ့နော်၊ ဒုတိယအချက်အနေနဲ့ကတော့ သူတို့ ရဲ့ အရာရှိကြီးငယ် တွေနဲ့ အထက်အောက် အနိုင်ကျင့်မှုကို မနှစ်မြို့လာလို့ ထွက်ပြေးလာခဲ့တာပေါ့” ဟု ကျောင်းသား တော်လှန်ရေးတပ်ဖွဲ(SRF)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော် Bravo က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ အင်ကြင်းတောင်စခန်းကို ကျောင်းသားတော်လှန်ရေးတပ်မတော်အနေဖြင့် ၂ ကြိမ်မြောက် တိုက်ခိုက်ပြီးနောက် လုံခြုံရေးတိုးမြှင့်သည်ဟု ဆိုကာ ပျူစောထီးများကို ကုန်းပေါ်မှ အင်ကြင်း တောင်ရွာထဲသို့ပင် ဝင်ရောက်ခွင့်မပေးတော့ပဲ ပိတ်ပင်ထားကြောင်း၊ ထို့အပြင် ပြင်ပဖုန်းဆက်သွယ် ပြောဆိုခွင့်ပါ ပိတ်ပင်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်လာပြီး အလင်းဝင်ရောက်ခဲ့သည့် ပျူစောထီး ဇင်ကိုအား ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားပြီး ၎င်းသွားလိုရာသို့ ပို့ဆောင်ရန် စီစဉ်ထားရှိကြောင်း၊ ယခုကဲ့သို့ အလင်းဝင်လာသော ပျူစောထီးများ ကို နွေးထွေးစွာ လက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)က အသိပေး ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article