36 C
Yangon

ဝေါမြို့နယ်၊ အုတ်ဖို ၃ ရွာရှိ စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အညာစုရွာနှင့် အထက်ဝိုင်းပါတ်ရွာမှ ပြည်သူ ၂၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

ဝေါမြို့နယ်၊ အုတ်ဖို ၃ ရွာရှိ စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အညာစုရွာနှင့် အထက်ဝိုင်းပါတ်ရွာမှ ပြည်သူ ၂၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အုတ်ဖို ၃ ရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အညာစုရွာနှင့် အထက်ဝိုင်းပါတ်ရွာမှ ပြည်သူ ၂၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၉ နာရီ ၃ဝ မိနစ်တွင် အင်းတကော်၊ ဝေါ၊ သနပ္ပင်၊ ကဝနှင့် ဒိုက်ဦး မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ ဝေါမြို့နယ်၊ အုတ်ဖို ၃ ကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် ၁ ဦး သေဆုံးပြီး စစ်သင်တန်းဆင်း ပျူစောထီး ၃ ဦးကို ကိုးလုံးသေနတ် ၂ လက်နှင့်အတူ အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆင်ရွာဘက်မှ ကား ၁၂ စီးဖြင့်ဆင်းလာပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဝေါမြို့နယ်၊ အညာစုကျေးရွာနှင့် အထက်ဝိုင်းပါတ်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူ ၂၈ ဦးကို ဖမ်းဆီးသွားကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားသော အညာစုရွာမှ ပြည်သူ ၂၃ ဦးမှာ ဦးစိန်ထွန်းကြည် ၊ ဦးသန်းဝင်း ၊ ဦးကျော်ဇင်အောင် ၊ ဦးဌေး ၊ ဦးဗလကြီး ၊ ဦးမင်းအောင် ၊ ဦးဘာဘူ ၊ ဦးချစ်ဦး ၊ ဦးဝင်းကို ၊ ဦးညီညီ ၊ ဦးအောင် ၊ ဦးမောင်စန်းလွင် ၊ ဦးနိုင်ဝင်း ၊ ဦးခင်လှိုင် ၊ ဦးမြင့်သောင်း၊ ဦးလင်း ၊ ဦးဝင်းဦး ၊ ဦးဘူးသီး(ခ)ဦးလှဝင်းအောင် ၊ ဦးသန်းဝင်း ၊ ဒေါ်အေးသူဇာ ၊ ဒေါ် ခင်ထွေးနှင့် ၎င်း၏ သမီး ၂ ဦး နှင့် အထက်ဝိုင်းပါတ်ရွာ မှ ဖမ်းဆီသွားသော ပြည်သူ ၅ ဦးမှာ ဦးသန်းဌေး ၊ မောင်မြင့်သန်း ၊ ကိုမြင့်ဝေ ၊ ကိုဖိုးကျော် ၊ ကိုဇင် တို့ ဖြစ်ကြောင်းသိရသည်။

ယင်းဖမ်းဆီးခံရသူများထဲမှ အညာစုရွာသား ဖြစ်သူ ဦးဘူးသီး(ခ)ဦးလှဝင်းအောင် နှင့် ဦးဝင်းဦး တို့ကို သူရဲသမိန်ရဲစခန်းတွင် ဖမ်းဆီးထားပြီး အထက်ဝိုင်းပါတ်ရွာသား ဖြစ်သူ ကိုဇင် ကို ပျဥ်ပုံကြီး စစ်တပ်စခန်း၌ ဖမ်းဆီထားကာ ကျန်ရှိသောပြည်သူ ၂၅ ဦးကို ဘောနတ်ကြီး ၃၉မိုင်အနီးရှိ အကြမ်းဖက် စစ်တပ်၏ မစခ ၉၀၁ နှင့် အမတ ၂၀၅ ရှိ စစ်ကြောရေးတို့၌ ဖမ်းဆီး ထားကြောင်း သိရှိရသည်။

Photo – ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးနေစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article