25 C
Yangon

ပြည်သူများ စစ်ဘေးရှောင်နေရသည့် ဆီဆိုင်မြို့ပေါ်တွင် မီးလောင်နေပြီး လူသူမရှိသော အခြားအိမ်များနှင့်ဆိုင်ခန်းတချို့ပါ မီးကူးစက်နေ

Must read

ပြည်သူများ စစ်ဘေးရှောင်နေရသည့် ဆီဆိုင်မြို့ပေါ်တွင် မီးလောင်နေပြီး လူသူမရှိသော အခြားအိမ်များနှင့်ဆိုင်ခန်းတချို့ပါ မီးကူးစက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်တွင် ယနေ့ မွန်းလွဲပိုင်းမှစတင်ပြီး မီးများလောင်ကျွမ်းနေကြောင်း ဆီဆိုင်မြို့ခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ဝန်းကျင် အချိန်မှစတင်ပြီး ဆီဆိုင်မြို့ပေါ် Sweet Dream ဆိုင်တွင် မီးစတင်လောင်ကျွမ်းကြောင်း၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ထိမှန်ပြီး မီးလောင်ကျွမ်းသည်ဟု သတင်းများ ထွက်ပေါ်နေပြီး မီးငြိမ်းသတ်မည့်သူမရှိ၍ မီးများ ဆက်လက်ကူးစက်နေကြောင်း သိရှိရသည်။

“လက်နက်ကြီးကျလို့ မီးလောင်တာလို့ ပြောတယ်။ ဆိုက်ခေါင်ဘက်ကနေ စစ်တပ်က ပစ်တဲ့လက်နက်ကြီးလို့ ပြောတယ်။ သေချာတော့မသိရသေးဘူး။ အခု အခြားအိမ်တွေပါ ကူးကုန်ပြီလို့ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိ ဆီဆိုင်မြို့တွင် PNLA နှင့် မဟာမိတ်တပ်များက ထိန်းချုပ်ထားပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့ကို ပစ်ခတ်နေ၍ ပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article