36 C
Yangon

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးထား

Must read

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးထား

■ ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရပြီး စစ်သားများက ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးထားကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်က သမင်ခြံကျေးရွာနဲ့ သူဌေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဆယ်ပါယ်ရွာကိုလည်း ဝင်ရောက် စီးနင်းပြီး ရွာထဲ၌ ဖုန်းပြောနေသည့် လူငယ် ၄ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး နှိပ်စက်နေကြောင်း၊ ထို့ပြင် စိန်ပန်းကုန်း၊ ဆင်ကုန်း၊ ပိုဝ၊ သမင်ခြံ၊ သူဌေးကုန်း စသည့် ကျေးရွာများကို စစ်ကောင်စီ တပ်သား အင်အား ၈၀ ဝန်းကျင်ခန့်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူကာ ကားပေါ်သို့ တင်ဆောင်နေကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် စိန်ပန်းကုန်း၊ ဆင်ကုန်း၊ ပိုဝ၊ သမင်ခြံ၊ သူဌေးကုန်း ကျေးရွာတို့မှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီနေ့ နံနက် ၆ နာရီလောက်ကနေ စစ်ခွေးတွေက စစ်ကြောင်းထိုး ဝင်ရောက်နေတာ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း စစ်ခွေးတွေက ကားတွေနဲ့ စိတ်ကြိုက် ခိုးယူနေတာ သမင်ခြံကျေးရွာနဲ့ သူဌေးကုန်းကျေးရွာကိုလည်း မီးရှို့ဖျက်စီးနေတယ်။ ဆယ်ပါယ်ရွာကို စစ်ခွေးတွေက ဝင်လာတုန်း လူငယ် ၄ ဦး ဖုန်းပြောနေတာကို တွေ့လို့ဆိုပြီး နှိပ်စက် ဖမ်းဆီးနေတယ်” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်နှင့် ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article