25 C
Yangon

တရုတ်က ဖမ်း၀ရမ်းထုတ်ထားသော ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်း ဆောင်ကြီးများကို စစ်ကောင်စီက အပ်နှံခြင်းမရှိဘဲ အကာအကွယ်ပေးထား

Must read

တရုတ်က ဖမ်း၀ရမ်းထုတ်ထားသော ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်း ဆောင်ကြီးများကို စစ်ကောင်စီက အပ်နှံခြင်းမရှိဘဲ အကာအကွယ်ပေးထား

ရန်ကုန်၊ ဇန်နဝါရီ ၂၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားသော ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်ကြီးများကို စစ်ကောင်စီက အပ်နှံခြင်းမရှိဘဲ အကာအ ကွယ် ပေးထား‌ကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ယမန်နေ့ ည ပိုင်း တရားဝင် ကြေညာ သတင်းထုတ်ပြန်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသော ကျားဖြန့် အွန်လိုင်းငွေလိမ်လည် လုပ်ငန်း လုပ်ကိုင်သူ ၃၀၀၀ ဦးခန့်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ လုံခြုံစွာအပ်နှံထားခဲ့ကြောင်း၊ စစ်ကောင်စီကမူ ၁၀၂၇ စစ်ဆင်ရေး၏ ရိုက်ခတ်မှုကြောင့် လောက်ကိုင်မြို့ တွင်း၌ စစ်ကောင်စီနှင့် စစ်ကောင်စီလက်ဝယ်ခံများ ထိန်းချုပ်ထားသောနေရာများမှ အွန်လိုင်းလောင်းကစား (ကျားဖြန့်) လိမ်လည်လုပ်ကိုင်သူ ၃၆,၀၀၀ မှ ၄၀,၀၀၀ နီးပါး အရေအတွက်ကို တရုတ်နိုင်ငံသို့ စစ်ရေးနိုင်ငံရေးဖိအားများ အောက်တွင် မတတ်သာ၍ အပ်နှံခဲ့ကြောင်း ၊ ဤအပ်နှံလိုက်သောသူများသည် လောက်ကိုင်မြိုအတွင်း၌ နှစ်ချီပြီး ကျားဖြန့် လုပ်ကိုင်နေကြသောသူများဖြစ် ပြီး ညီနောင် ၃ ဖွဲ့၏ ၁၂၀၇ စစ်ဆင်ရေးကြောင့်သာ စစ်ကောင်စီသည် မတတ်သာ၍ အပ်နှံခဲ့ရခြင်းဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။

သို့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖမ်းဝရမ်းထုတ်ထားသော ကျား‌ဖြန့် ခေါင်းဆောင်ကြီးများကိုမူ စစ်ကောင်စီသည် အပ်နှံခြင်းမရှိသေးဘဲ အကာအကွယ်ပေးထားဆဲပင်ဖြစ်ကြောင်း၊ အကယ်၍ ၁၀၂၇ စစ်ဆင်ရေး သာမရှိပါက အဆိုပါကျားဖြန့် လုပ်ကိုင်သူများသည် ယခုထက်ပိုမိုများပြားလာဖွယ်သာရှိကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။

စစ်ကောင်စီက လောက်ကိုင်ဒေသမှ တရုတ်နိုင်ငံက အလိုရှိနေသည့် ကျားဖြန့် လုပ်ငန်းလုပ်ကိုင် သူ တရားခံပြေးများ အပါအဝင် ကိုးကန့် သူဌေးများကို နမ့်စန်လေတပ်နှင့် တပ်စခန်းများတွင် စစ်တပ် လုံခြုံရေး အစောင့်အရှောက် အပြည့်ဖြင့် ကာကွယ်ပေးထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ထိုသို့ သတင်းဖော်ပြပြီးနောက် စစ်တပ်က ကျားဖြန့် လုပ်ကိုင်သူ တရုတ် ၁၀၀၀ ကျော်ကို နမ့်စန်တွင် ဖမ်းဆီးမိသည်ဟု သတင်းထုတ်ပြန်ကာ ၎င်းတို့အကာအကွယ်ပေးထားသော ကျားဖြန့်ခေါင်းဆောင်များကို ချက်ချင်းပြောင်းရွှေ့မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ LiaoNingပြည်နယ် DaLian မြို့ သက်ဆိုင်ရာတရားစီရင်ရေးရုံးများက ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ် ဆောက်ချိန်အပါဝင် ၁၀ ဦးကို ဆိုင်ဘာမှုခင်းများ၊ အခြားပြစ်မှုများကို ကျူး လွန် သဖြင့် ဖမ်း၀ရမ်းထုတ်ထားခဲ့သည်။

တရုတ်နိုင်ငံ ဖမ်း၀ရမ်းထုတ်ဆင့်သူများမှာ

၁။ ဦးပယ်ဆောက်ချိန်

၂။ ပယ်ရင့်ချန်(ခ)လီယွင်ချိန် (ဦးပယ်ဆောက်ချိန်၏သား)

၃။ ပယ်ရင့်လန်(ခ)လီမုန့်န (ဦးပယ်ဆောက်ချိန်၏သမီး)

၄။ ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း

၅။ ဝိယုံ(ခ)ချိန်ယုံ (ဦးဝိစိုင်း၏တူမ)

၆။ ဝိချင်ရှုံး(ခ)ရန်ရှုံး (ဦးဝိစိုင်း၏သား)

၇။ ဦးလျှိုကျိမ့်ရှန်

၈။ လျှိုကျီကွမ်(ခ)လီဟွာကွမ် (ဦးလျှိုကျိမ့်ရှန်၏သား)

၉။ လျှိုကျိမ့်မောက်

၁၀။ ရွှီလောက်ဖာ(ခ)ရွှီဖာချီ တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article