25 C
Yangon

သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစီးကို ပစ်ချလိုက်ပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသက အတည်ပြု

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစီး ပစ်ချလိုက်ပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

ယနေ့မွန်းလွဲ ၂:၃၀ အချိန်ခန့်က သင်္ဃန်းညီနောင် ခမရ ၃၅၅ သို့ လာသည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်ပြီး ရဟတ်ယာဉ်ပေါ်ပါ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ (ခြေမြန်တပ်ရင်း) သို့ လာရောက်စစ်ဆေးသော အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ် ၂ စင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရဟတ်ယာဉ်တစီး၏ လေယာဉ်မှူးကို ထိမှန်သည့်အတွက် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီ ခမရ ၃၅၅ ကို လာရောက်စစ်ဆေးတဲ့ ရဟတ်ယာဉ် ၂စီးကို ကျွန်တော် တို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်း ဖြစ်သော ကော်ဘရာစစ်ကြောင်းက လက်နက်မျိုးစုံနဲ့ပစ်ချတာ။ စစ်ကောင်စီအကြီးအကဲတွေစီးတဲ့ Eurocopter အမျိုးအစား ရဟတ်ယာဉ်တစီးပျက်ကျပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပြင်းအထန်ဒဏ်ရာရတယ်။ သေဆုံးဖို့များတယ်။ ၅ ဦးခန့် သေဆုံးတယ်လို့ ကနဦးသိရတယ်။ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။” ဟု ၎င်းကဆိုသည်။

စစ်ရဟတ်ယာဉ် ပျက်ကျသည့်နေရာကို စစ်ကောင်စီက ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်နေသည်ဟု သိရှိရပြီး အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- ပစ်ချခံလိုက်ရသည့် စစ်ကောင်စီ၏ Eurocopter အမျိုးအစား စစ်ရဟတ်ယာဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNLA #PDF #Eurocopter

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article