25 C
Yangon

ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် စစ်ကူလာသော စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီးပျက်စီး

Must read

ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် စစ်ကူလာသော စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် စစ်ကူလာသော အကြမ်းဖက် စစ်တပ် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီးပျက်စီးခဲ့ကြောင်း Young Force – UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ပခုက္ကူ-ရေစကြို လမ်းပိုင်း၌ စစ်ကူလာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“ကားက အားလုံးပေါင်း ၇ စီးသွားတာ၊ ရှေ့က ပွိုင့်လွတ်သွားတာတွေရှိတယ်၊ တစ်စီးပဲ မိလိုက်တာ၊ မနေ့က မနက်စောစောမှာ ဆင်မရဲပျူစောထီးရွာ အတိုက်ခံရတယ်လေ၊ အဒီကို စစ်ကူလာတဲ့ ကား တွေကို ကျနော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ နောက်ကားကိုပဲ မိုင်းပွိုင့် ၅ လုံးနဲ့ဆွဲခဲ့တာ၊ အစက တော့ ကျနော်တို့လည်း ပစ်ဖို့ခတ်ဖို့ပဲ ပလန်တော့ဆွဲထားတာပေါ့၊ ဒါပေမယ့် ကျနော်တို့ဘက်က အသာစီးမရတော့ ပြန်ဆုတ်ခဲ့လိုက်တာ၊ ကားကတည်း ကျည်သိပ်မတိုးဘူးဗျ၊ အခုနောက်ပိုင်းဆိုရင် သံချပ်ကာ ကားပုံစံမျိုး ဒိုင်းတွေကာထားတာ၊ အဲလိုမျိုးဆိုတော့ ကျနော်တို့ဘက်က မိုင်းဆွဲပြီး သူတို့ ဘက်က ပြန်ပစ်ခတ်တော့ ကျနော်တို့လည်း ပြန်ဆုတ်ပေးလိုက်တာ၊ ကျနော်တို့ မိုင်းဆွဲလိုက်တဲ့ ကားကတော့ မောင်းလို့မရတော့ဘူး၊ သံကြိုးပြန်ဆွဲပြီးတော့ မနေ့က ညပိုင်းကမှ ပခုက္ကူပြန်ဝင်သွား တာ၊ ခွေးသေထိခိုက်မှုကတော့ အတိအကျ မသိရသေးဘူး” Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ပခုက္ကူမြို့သို့ ပြန်ဝင်သွားသော ကား ၇ စီးအနက် ၁ စီးမှာ ပျက်စီးသွား ပြီး ကြိုးဖြင့်ဆွဲသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article