25 C
Yangon

ပလက်ဝမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး

Must read

ပလက်ဝမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးဗျူဟာကုန်းမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားနှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း CDF – Paletwa ထံမှ သိရသည်။

ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီခန့်က ပလက်ဝမြို့နယ်၊ ဘုန်းလှိုင်ကျေးရွာတွင် ဆမီးဗျူဟာ ကုန်းမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် CDF-Paletwa လက် အောက်ခံ လင်းယုန်တပ်ရင်းမှ ရဲဘော် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ တစ်ဦးမှာ ထွက်ပြေးလွတ် မြောက်လာခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် မတူပီမြို့နယ်၊ လုံပန်းကျေးရွာအနီး Kapin ချောင်း၌ ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်နှင့် CDF-Paletwa ၊ CDF-Matupi ၊ CNA ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၁၀ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၁ ရက် နေ့တွင် မတူပီမြို့နယ်၊ စံတပ်ကျေးရွာ၌ ဒုတိယအကြိမ် ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ CDF-Paletwa ၊ CDF-Matupi ၊ CNA ပူးပေါင်းတပ်ဖွဲ့တို့မှ အထိအခိုက်မရှိ အောင်မြင်ခဲ့ ကြောင်း CDF – Paletwa က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article