30 C
Yangon

သံဖြူဇရပ်၊ အနင်းရွာနှင့် ထင်းရှူးရွာရှိ ရဲစခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ မုံရွာတွင် စစ်တပ်နေရာများကို ဒရုန်းဖြင့်ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး

Must read

သံဖြူဇရပ်၊ အနင်းရွာနှင့် ထင်းရှူးရွာရှိ ရဲစခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ မုံရွာတွင် စစ်တပ်နေရာများကို ဒရုန်းဖြင့်ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာရှိ ရဲစခန်းများကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများဘက်မှ ထိခိုက် သေဆုံးမှုများပြားကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်ထံမှ သိရှိရသည်။

ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၆ နာရီချိန်မှ စ၍ တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းရခါနီးအချိန်တွင် အကြမ်းဖက်စစ်တပ်ဘက်မှ ရဟတ်ယာဉ်နှင့် ပစ်ခတ်ခြင်း၊ မြေပြင်မှ စစ်ကူအများအပြားစေလွှတ်ခြင်းနှင့် လက်နက်ကြီးများနှင့် လှမ်း၍ ပစ်ခတ်ခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေးဘီဘူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“တိုက်ပွဲအရမ်းပြင်းထန်တယ်။ သူတို့ဘက်က ခံစစ်အနေနဲ့ ပြန်လည်ခုခံတဲ့အချိန်က တအားကြာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စခန်းကို သိမ်းလို့ရခါနီး ထွင်းဖောက်နိုင်တဲ့အချိန်မှာ သူတို့ဘက်က လေကြောင်းပစ်ကူတွေက ရောက်လာတယ်။ သူတို့ဘက်က တပ်အင်အားတွေ အဲဒီအချိန်မှာ ကျနေပြီ အဲဒီအချိန် လေကြောင်းပစ်ကူတွေ ရောက်လာခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပြသည်။

အဆိုပါ တိုက်ပွဲသည် ၅ နာရီခန့်ကြာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်တွင် အချိန်အကြာဆုံးတိုက်ပွဲဟုပင် ပြောလို့ရပြီး အကောင်းဆုံးတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ အကျအဆုံးလည်း များပြားကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။

“စကစဘက်က ကျတာများတယ်။ ဘာလို့ဆို စခန်းကို ရနေပြီ။ ခြံစည်းရိုးတောင်ဖောက်လို့ရပြီ။ ဖောက်နေပြီ။ အဲဒီအချိန် သူတို့ဘက်က ပစ်ကူတွေတအားများတာရော လေကြောင်းလည်း ရောက်လာလို့ ပြန်ဆုတ်လာခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲကို KNLA တပ်ရင်း ၂၇ ၊ ရေးဘီလူးတပ်ဖွဲ့၊ တောင်ညိုစစ်ကြောင်း၊ ပဒဲကောအဖွဲ့ လေးဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေခံ KNLA ၏ ဗျူဟာအတိုင်း တိုက်ပွဲကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များဘက်မှ ရဲဘော် ၃ ဦးခန့်သာ မစိုးရိမ်ရ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်ဂိတ်နှင့် တောပုပျူရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်မှ ၁ နာရီ မိနစ် ၃၀ ခန့်အထိ မုံရွာမြို့နယ် စွမ်းရည်ထက်ဂိတ်စခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် AIR BOMB ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဗိုက်ပွင့်ထွက်သေဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီ မိနစ် ၃၀ အထိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည့် တော ပု ပျူစောထီးရွာကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၊ ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ယမန်နေ့ ညနေ ၃ နာရီမှ ၃ နာရီခွဲအထိ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် Air BOMB ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင် အမှတ် ၈ တပ် ရင်း -NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင်အမှတ် ၉ တပ်ရင်း၊ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ CHAUK PDFနှင့် Special Guerrilla Force Monywa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article