26 C
Yangon

စစ်တပ်တပ်စွဲထားသော မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

စစ်တပ်တပ်စွဲထားသော မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိ ခိုက်မှုရှိကြောင်း ဒေသပြည်သူများနှင့် မြောက်ဥက္ကလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့၂ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မြောက်ဥကလာပမြို့နယ်၊ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော မြောက်ဥက္ကလာပမြို့နယ်လျှပ်စစ်ရုံးကို အင်အားပြင်းမိုင်း ၃လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များဘေးကင်းကြောင်း၊ စစ်အုပ်ချူပ်ရေးဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ဥက္ကလာမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“ရုံးအပေါက်ဝကင်း ၂ကောင်ထိတယ်ကြားတယ်။ မိုင်းက အကြီး ၃ လုံးအားပြင်းတယ်။ အခုမြောက်ဥက္ကလာကို မွှေပြီလို့ပြည်သူတွေက သတင်းပေးလာတယ်” ဟု မြောက်ဥက္ကလာမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article